စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် ပြည်သူ့ဆက်ဆံရေး(နည်းပြ)သင်တန်း သင်တန်းဆင်းပွဲအခမ်း အနားကျင်းပပြုလုပ်

 

မုံရွာ-ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် ပြည်သူ့ဆက်ဆံရေး (နည်းပြ)သင်တန်းကို တိုင်းပါတီရုံး၍ ၂၀-၆-၂၀၁၈ မှစ၍ ၃၀-၆-၂၀၁၈ရက်နေ့ထိ ၁၁ရက်ကြာ ဖွင့်လှစ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ ပါတီဝင်သင်တန်းသားစုစုပေါင်း (၄၁)ဦးတတ်ရောက်ခဲ့ကြပြီး ဒီကနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် (၀၉:၃၀)မိနစ်အချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ပါသည်။