အာဂျင်တီးနာ အထွေထွေ သပိတ်

အာဂျင်တီးနားမှာ အထွေထွေ သပိတ်တရပ် ဆင်နွှဲခဲ့လို့ လုပ်ငန်းအားလုံးရပ်ဆိုင်းသွားခဲ့ ပြီး သန်းနဲ့ချီတဲ့လူတွေ အလုပ်ဆင်းမရ ဖြစ်ခဲ့ပါတယ်။

သပိတ်မှောက်မှုတွေကြောင့် ဗျူနိုအေးရီးစ်မြို့မှာ ရထား၊ ဘတ်စ်ကားနဲ့ မြေအောက်ရထားတွေ ရပ်တန့် သွားခဲ့ပါတယ်။
မြို့တွင်းကိုသွားမယ့်လမ်းတွေကိုလည်း နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ပိတ်ဆို့ ထားခဲ့ပါတယ်။

နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့နဲ့ သမ္မတ Mauricio Macri တို့အခုလမှာ သဘောတူခဲ့ကြတဲ့ ဒေါ်လာ ငါးဆယ်ဘီလီယံ ငွေချေးယူမယ့် အစီအစဉ်ကို ဆန့်ကျင် ဆန္ဒပြဖို့ သမဂ္ဂတွေက ဆော်သြခဲ့တာ ဖြစ်ပါတယ်။

ဒီချေးငွေ အစီအစဉ်ကြောင့် နွမ်းပါးတဲ့အာဂျင်တီးနား ပြည်သူတွေကို ဆင်းရဲတွင်းနက်သထက် နက်စေလိမ့်မယ်လို့ ဆန္ဒပြသမားတွေက ဆိုနေပါတယ်။

ဒါဟာ ဒီချေးငွေ အစီအစဉ်ကို ဆန့်ကျင်ကြောင်းပြတဲ့ အစပိုင်းဘဲ ရှိပါသေးတယ် ၊ မက်ခရီကို အောင်နိုင်ရမယ်၊ အိုင်အမ်အက်ဖ် ကို တိုက်ထုတ်ပစ်နိုင်ရမယ် ၊ ဒါဟာ အားလုံးအတွက် တခုတည်းသော ထွက်ရပ်လမ်းဖြစ်တယ်၊ ဒါမှသာ ၀န်ထမ်းတွေလည်း အကျပ်အတည်းကနေ လွတ်မြောက်နိုင်မှာပါလို့ ဆန္ဒပြသမား တယောက်က ပြောပါတယ်။
တနှစ်ကို သုံးဆယ်ရာနှုန်းနီးပါး ငွေကြေးဖောင်းပွလာတဲ့အတွက် ဒီနှုန်းနဲ့အတူ ၀န်ထမ်းလစာကိုလည်း သုံးဆယ်ရာနှုန်း တိုးမြှင့်ဖို့ သမဂ္ဂတွေက တောင်းဆိုခဲ့ကြပါတယ်။

-Ref; BBC