ရေဖြူမြို့နယ် ပရဒတ်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာစုပေါင်းပေးအပ်

ရေဖြူ ၊ မေ ၂၄

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ ပရဒတ်ကျေးရွာတွင် ယမန်နေ့နံနက် ၈ နာရီက ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။

အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုကာ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသန်းအောင်က အဖွင့် အမှာစကားပြောကြားပြီး ပါတီဝင်အဆိုပြုလွှာများကို နဘုလယ်ဒေသကျေးရွာသုံးရွာမှ ကိုယ်စားပြုပေးအပ်ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနိုင်ဦးက လက်ခံရယူကာ အဆိုပြုလွှာပေးအပ်ပွဲကို နံနက် ၉ နာရီ ၁၅ မိနစ်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ အတွင်းရေးမှူး ဦးနေမျိုး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗဟိုကော်မတီဝင် ဦးမောင်စိန်၊ ရေဖြူမြို့နယ် နယ်မြေတာဝန်ခံ ဦးမင်းဇော်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဒေါက်တာဝင်းအောင်၊ အတွင်းရေးမှူး ဦးကျော်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနိုင်ဦးနှင့်ကော်မတီဝင်များနှင့် ပရဒတ်ကျေးရွာကော်မတီဝင်များ စုစုပေါင်း ၈ဝ ကျော် တက်ရောက်ကြသည်။

မင်းဇော်