ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဆင်းပွဲ အခမ်းအနား

ဖါးဆောင်းမြို့၊ မေ ( ၁၉)

၁၉ – ၅ -၂၀၁၈ ရက်နေ့ ညနေ (၃း၀၀) နာရီအချိန်တွင် ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဆင်းပွဲအခမ်းအနားအား ဖါးဆောင်းမြို့နယ် မော်ချီးကျေးရွာအုပ်စု လိုခါးလိုကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးစောကိုဒီ နေအိမ် (ပြည်ခိုင်ဖြိုးရုံး) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထဦးစွာ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးစောကိုဒီ (ဖါးဆောင်းမြို့နယ်တာဝန်ခံ) မှ သင်တန်းဆင်း အမှာစကား ပြောကြားသွားပါသည်။

နိုင်ငံရေး စီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်းပွဲအခမ်းအနားတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင် ဦးစောကိုဒီ၊ (ဖါးဆောင်းမြို့နယ်တာဝန်ခံ) ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင်၊ ပြည်နယ်အရံကော်မတီဝင် ဦးရီးချက်၊ လွိုင်ကော်ခရိုင် အရံကော်မတီဝင် ဦးစောဘွေဒို၊ ဖါးဆောင်းမြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်ညို၊ မယ်စဲ့မြို့နယ်ပါတီ ဥက္ကဌ ဦးလောရင်း၊ ဘောလခဲမြို့နယ်ပါတီအတွင်းရေးမှူး ဦးဟန်ထူး၊ ဖါးဆောင်းမြို့နယ်ကော်မတီဝင်များ ဖြစ်ကြသည့် ဦးဝင်းချို၊ ဦးမြင့်ဌေး၊ ဦးညီညီဝင်း၊ နော်အီမောလေးနှင့် သင်တန်းနည်းပြများ၊ သင်တန်းသူ/ သားများ စုစုပေါင်းအင်အား (၃၇) ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။

ထာဝရ ထာဝရနြေချစ်သူ မြေချစ်သူ