မင်္ဂလာတောင်ညွန့်တွင် အခြေခံကွန်ပျူတာသင်တန်း (၃/၂ဝ၁၈) နှင့် စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ဖွင့်ပွဲ အခမ်းအနား

ရန်ကုန်၊ မေ ၂ဝ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်း (၃/၂ဝ၁၈) နှင့် စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် စက်ဆန်းရပ်ကွက် သိဒ္ဓိအောင်ဓမ္မာရုံ၌ ဖွင့်လှစ်ကျင်းပခဲ့သည်။

အခမ်းအနားတွင် အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် ဒေါ်လဲ့လဲ့အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ၄င်းနောက် အခြေခံကွန်ပျူတာသင်တန်း (၂/၂ဝ၁၈) သင်တန်းဆင်းလက်မှတ်ကို မြို့နယ် အတွင်းရေးမှူး ဦးတင်ရှိန်က ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းအခမ်းအနားသို့ အရှေ့ပိုင်းခရိုင်ပါတီကော်မတီဝင် ဒေါ်လဲ့လဲ့အေး၊ ဦးမျိုးဝင်းကျော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးတင်ရှိန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ရင်းမှူး ရဲကျော်စွာမင်းမင်းနှင့်အဖွဲ့၊ မြို့နယ်ကြက်ခြေနီ ဒု – မြို့နယ်တပ်ဖွဲ့မှူး ရဲနောင်နောင်နှင့်အဖွဲ့၊ ရပ်ကွက်ပါတီ ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်နှင့်အဖွဲ့ဝင်များ၊ သင်တန်းဆရာမနှင့် သင်တန်းသားသင်တန်းသူ စုစုပေါင်းအင်အား ၉ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)