ည ၆း၀၀ နာရီတွင် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဆုကို ဒါရင်းမိုး ရရှိပြီး ၉း၄၀ နာရီတွင် ၀က်စ်ဘရွန်း အသင်းနှင့် တန်းဆင်းသွားခဲ့ရ

ဝက်စ်ဘရွန်းအသင်း၏ ယာယီနည်းပြ ဒါရင်းမိုးမှာ ယမန်နေ့က ည ၆း၀၀ နာရီအချိန်တွင် ဧပြီလအတွက် အကောင်းဆုံးနည်းပြဆုကို ရရှိသွားခဲ့ပြီး ၄နာရီခန့်အကြာတွင် ၀က်စ်ဘရွန်းအသင်းနှင့်အတူ ချန်ပီယံရှစ်သို့ တန်းဆင်းသွားခဲ့ရသည်။

ဒါရင်းမိုးမှာ ယာယီနည်းပြအဖြစ် ၀က်စ်ဘရွန်းအသင်းနှင့်အတူ ဧပြီလတွင် ပရီးမီးယားလိဂ် ၄ ပွဲ၌ ၂ပွဲနိုင်၊ ၂ပွဲ သရေနှင့် ရှုံးပွဲမရှိရလဒ်ကို ရရှိခဲ့သည်။

သို့သော်လည်း ယမန်နေ့ကပွဲစဉ်တွင် ဆောက်သမ်တန်အသင်းက ဆွမ်ဆီးကို အနိုင်ရသွားခဲ့ခြင်းကြောင့် ၀က်စ်ဘရွန်းမှာ တန်းဆင်းဇုန်မှ လွတ်မြောက်နိုင်စွမ်းမရှိတော့ဘဲ ချန်ပီယံရှစ်သို့ တန်းဆင်းသွားခဲ့ရခြင်းဖြစ်သည်။

ဒါရင်းမိုးမှာ တန်းမဆင်းရမီ အသင်းမှာကစားသမားများ၊ နည်းပြအဖွဲ့ဝင်များအပါအ၀င် အသင်းနှင့်ပတ်သက်သူ ၁၁၈ ဦးဖြင့် အမှတ်တရဓာတ်ပုံရိုက်ပြီး အောင်ပွဲခံသွားခဲ့သည်။

 

-Ref; Sky sports