ယခုရာသီ တတိယမြောက်ဖလားအဖြစ် ပီအက်စ်ဂျီအသင်း ပြင်သစ်ဖလားရရှိ

ပီအက်စ်ဂျီသည် ၎င်းတို့အတွက် ယခုရာသီ၏ တတိယမြောက်ဖလားအဖြစ် တတိယတန်းကလပ် လက်စ်ဟာ ဘီယာ့စ်အသင်းကို ခက်ခက်ခဲခဲ ကစားပြီး ပြင်သစ်ဖလား ရရှိခဲ့သည်။

ယင်းတတိယတန်းကလပ် သည် ပွဲအစတွင်အဆုံးသတ်ပိုင်း အားကောင်းခဲ့သော်လည်း ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီက ပိုကောင်းခဲ့ပြီး ၂-၀ ဂိုးဖြင့် အနိုင်ရရှိသည်။

ပီအက်စ်ဂျီသည် ဆဲလ်ဆို၏ ၂၅ ဂိုက်အကွာမှ သွင်းယူသော အဖွင့်ဂိုးမတိုင်မီ သုံးကြိမ်တိုင်ထိ ခဲ့ပြီး ဂိုးဝင်သော တစ်ဂိုးမှာလည်း ဗီဒီယိုအကူဒိုင် စနစ်ကြောင့် အပယ်ခံခဲ့ရသည်။ သို့သော် ကာဗာနီက ပင်နယ်တီမှ တစ်ဆင့် အနိုင်သေချာစေမည့် ဂိုးကိုသွင်းယူခဲ့သည်။ ယင်းဗိုလ်လုပွဲသို့ ဘရာဇီး တိုက်စစ်မှူးနေမာ လာရောက် ကြည့်ရှုပြီး ပွဲအပြီးအောင်ပွဲခံရာတွင် ပါဝင်ခဲ့သည်။

ပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်းကုန်ပြီး တတိယရာသီ ဆက်နေတော့မည်မဟုတ်သော နည်းပြအမ်မရီက ယခုရာသီ စွမ်းဆောင်နိုင်မှုအတွက် ပျော်ရွှင်မိသည်ဟု ပြောသည်။

‘‘ချန်ပီယံလိဂ်လို နည်းနည်းလေးအနုတ်သဘောဆန်တဲ့ အရာတွေကိုလည်း ကျွန်တော် ပြောလို့ရပေမယ့် ဒီနှစ်အသင်းဟာ ကစားပုံကောင်းပြီး အမြဲဂိုးသွင်းဖို့ ကြိုးစားခဲ့ပါတယ်’’ ဟု အမ်မရီက ပြောသည်။

လက်စ်ဟာဘီယာ့စ်အသင်း နည်းပြ စတီဖန်နီမာဆာလာက ပီအက်စ်ဂျီကို ရှုံးခဲ့သော်လည်း မိမိ၏ အသင်းအတွက် အလွန်ဂုဏ်ယူမိသည်ဟု ပြောကြားသည်။

နှစ်သင်းအကြားကစားသမားများအတွက် ငွေကြေးသုံးစွဲမှု အဆမတန် ကွာဟနေသော်လည်း လက်စ်ဟာဘီယာ့စ် အသင်းသည် ပီအက်စ်ဂျီကို ကောင်းစွာ ယှဉ်ပြိုင်ကစားနိုင်ခဲ့သည်။

ယင်းမှာ ပီအက်စ်ဂျီအတွက် ၁၂ ခုမြောက် ပြင်သစ်ဖလားဖြစ်ပြီး ယခုရာသီအတွင်း လီဂူးဝမ်းဖလားနှင့် လိဂ်ဖလားတို့ကို လေးရာသီဆက်တိုက် ရထားပြီး ယင်း အနက် သုံးကြိမ်တွင် ပြည်တွင်းဖလားသုံးလုံး ရရှိခဲ့သည်။

—Ref:BBC