ဆိုးလ်ရှား ကြောင့် ပိုချက်တီနို အား လက်လွှတ်လိုက်ရမှာကို အက်ဒ်ဝက်ဒ်ဝုဒ်ဝပ်ဒ် စိုးရိမ်မကင်းဖြစ်နေ

မန်ယူအသင်းရဲ့ အမှုဆောင်အရာရှိချုပ် အက်ဒ်ဝက်ဒ်ဝုဒ်ဝပ်ဒ်ဟ ဆိုးလ်ရှားကြောင့် ပိုချက်တီနိုကို လက်လွှတ် လိုက်ရမယ့် အခြေအနေအပေါ်မှာ စိုးရိမ်မကင်းဖြစ်နေပါတယ်။

လက်ရှိမှာ ဆိုးလ်ရှားက ယာယီနည်းပြ အဖြစ်နဲ့ ရှုံးပွဲမရှိရကောင်းတွေ ရယူထားနိုင်တာကြောင့် အမြဲတမ်းနည်းပြ ဖြစ်လာဖို့အတွက် ရေးပန်အစားဆုံး ဖြစ်နေပါတယ်။

ဆိုးလ်ရှားကိုယ်တိုင်ကလည်း မန်ယူအသင်းရဲ့ အမြဲတမ်းနည်းပြဖြစ်ချင်တယ်လို့ ၀န်ခံထားပါတယ်။ ဆိုးလ်ရှား ကိုလည်း မန်ယူအသင်းသားတွေအားလုံးက ထောက်ခံနေကြပါတယ်။ လင်ဂတ်ဆိုရင် လာမယ့်ရာသီမှာ ဆိုးလ်ရှားနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ထုတ်ပြောထားပါတယ်။ တိုက်စစ်မှူး ဟောင်း ရူနီကလည်း ဆိုးလ်ရှားသာ အမြဲတမ်းနည်းပြ ဖြစ်လာမယ်ဆိုရင် ပီတိဖြစ်မိမှာပါလို့ ထုတ်ပြောထားပြီး ဆိုးလ်ရှားမဖြစ်နိုင်တော့မှာ ပိုချက်တီနိုကို ရွေးချယ်သင့်တယ်လို့ ထုတ်ပြောထားပါတယ်။ ရူနီရဲ့ ဒီဖွင့်ဟချက်မှာ မန်ယူအမှုဆောင်ချုပ်က ဆိုးလ်ရှားထက် ပိုချက်တီနိုကို ပိုပြီးလိုလားနေတာ ပေါ်လွင် ထင်ရှားနေပါတယ်။

အက်ဒ်ဝက်ဒ်ဝုဒ်ဝပ်ဒ်ကတော့ ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ်နဲ့သာ ကာလတိုစီမံကိန်း တစ်ရပ်နဲ့ ခေါ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အမှန်တကယ်ပစ်မှတ်က ပိုချက်တီနိုကို စပါးအသင်းဆီကနေ ခေါ်ယူနိုင်ရေးပဲဖြစ်ပါတယ်။ လက်ရှိမှာ ဆိုးလ်ရှားက အမြဲတမ်းနည်းပြ ဖြစ်လာဖို့ ရေးပန်အစားဆုံး ဖြစ်နေတာကြောင့် အက်ဒ်ဝက်ဒ်ဝုဒ်ဝပ်ဒ် တစ်ယောက် ပိုချက်တီနိုကို လက်လွှတ်လိုက်ရမယ့် အဖြစ်အတွက် စိုးရိမ်မကင်း ဖြစ်နေပါတယ်။

 

-Ref: Skynetsports