ထရမ့်နှင့် ထိပ်သီးအစည်းအဝေးမတိုင်မီ ရှီကျင့်ဖျင်နှင့် ကင်ဂျုံးအွန်တို့ တွေ့ဆုံ

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်း တို့ ဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၈

မြောက်ကိုရီးယားခေါင်းဆောင်၏ မကြေညာသောခရီးစဉ်အဖြစ် တရုတ်အရှေ့မြောက်ပိုင်းတို့ ရောက်ရှိကာ သမ္မတ ရှိကျင့်ဖျင် နှင့် မေ ၈ ရက်တွင် တွေ့ဆုံသည်။

ပြင်ဆင်လျက်ရှိသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံးအွန်တို့၏ ထိပ်သီးအစည်းအဝေးမတိုင်မီ ရှီကျင့်ဖျင်နှင့် ကင်ဂျုံးအွန်တို့ တွေ့ဆုံမှုလည်း ဖြစ်သည်။

ထိုတွေ့ဆုံမှုကို လူသိရှင်ကြား ထုတ်ပြန်လိုက်ပြီး အချိန်ပိုင်းအတွင်း ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် အကြောင်း သူငယ်ချင်း ရှီကျင့်ဖျင်နှင့် တွေဆုံပြောဆိုမှာဖြစ်ကြောင်း တွစ်တာက တစ်ဆင့် ရေးသားလိုက်သည်။

တရုတ်နိုင်ငံပိုင်ရုပ်သံဖြစ်သော CCTV က အရှေ့မြောက်ပိုင်း ဒါလန်းမြို့ ကမ်းခြေတွင် ရှီကျင့်ဖျင်နှင့် ကင်ဂျုံးအွန်တို့နှစ်ဦး လမ်းလျှောက်နေကြပုံနှင့် ဆွေးနွေးပွဲ ကျင်းပကြပုံများကို ထုတ်လွှင့်ခဲ့သည်။

ယခုခရီးစဉ်သည် ကင်ဂျုံးအွန်အတွက် တရုတ်နိုင်ငံသို့ ဒုတိယမြောက်လာရောက်သော ခရီးစဉ်ပဲ ဖြစ်သည်။

-Ref; AFP