အမှိုက်တန် ၂၁၀ ကို အင်ဒိုနီးရှားက သြစတြေးလျသို့ ပြန်ပို့မည်

အမှိုက်တန်ချိန် ၂၁၀ ကျော်ကို ဩစတြေးလျနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဟု အင်ဒို နီးရှားအစိုးရက ဇူလိုင် ၉ ရက် တွင် ပြောသည်။ ဆူယာဘာယာမြို့ရှိ ကွန်တိန်နာရှစ်လုံးသည် စက္ကူအမှိုက်သာ ဖြစ်ရမည်ဖြစ်သော်လည်း အာဏာပိုင်များက ပလတ်စတစ် ပုလင်းခွံများ၊ ပလတ်စတစ်ထုပ်များ၊ ကလေးသေးခံများ၊ အီလက် ထရွန်နစ် အမှိုက်များနှင့် သံဘူးများ တွေ့ရှိခဲ့ကြောင်း အင်ဒိုအစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။

 ‘‘ဒီလိုပြန်ပို့ရတာကတော့ ပြည်သူလူထုနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ချင်လို့ပါ။ အထူးသဖြင့် အရှေ့ဂျာဗားမှာပေါ့’’ဟု အန္တရာယ်ရှိပြီး အဆိပ်ဖြစ်စေသော အမှိုက်များကို ရည်ညွှန်း၍ အဆိုပါ တာဝန်ရှိသူက ပြောသည်။ အင်ဒိုနီးရှားကုမ္ပဏီ PT MDI ၏ အကူအညီဖြင့် ဩစတြေးလျကုမ္ပဏီတစ်ခုက အင်ဒိုနီးရှား နိုင်ငံသို့ အဆိုပါ အမှိုက်ကွန်တိန်နာများ တင်ပို့ခဲ့သည်။ ပြည်ပ ပလတ်စတစ်အမှိုက် များ တင်သွင်းမှုကို ၂၀၁၈ တွင် တရုတ်နိုင်ငံက တားမြစ်ပိတ်ပင် ခြင်းကြောင့် ဖွံ့ဖြိုးပြီး တိုင်းပြည်များအနေဖြင့် ၎င်းတို့၏ အမှိုက် များကို စွန့်ပစ်ရေး နေရာသစ် ရှာဖွေရန် အခက်ကြုံနေသည်။

—Ref: AFP