`တိုင်းရင်းသားထက် ဘင်္ဂလီများအား ဦးစားပေးခြင်းကို ကန့်ကွက်ရှုတ်ချခြင်း`ခေါင်းစဉ်နဲ့ ပျဉ်းမနားမှာ ပြည်ခိုင်ဖြိုး ပါတီက ရှုတ်ချပွဲ ပြုလုပ်”

နေပြည်တော်၊ မေလ(၇)ရက်။

ပျဉ်းမနားမြို့နယ်မှာ ပြည်ခိုင်ဖြိုးတီက ဦးဆောင်ပြုလုပ်တဲ့ `တိုင်းရင်းသားထက် ဘင်္ဂလီများအား ဦးစားပေးခြင်းကို ကန့်ကွက်ရှုတ်ချခြင်းပွဲကို သည်ကနေ့နံနက် ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးဝန်းထဲမှာ ပြုလုပ်ခဲ့ပါတယ်။

` မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဘင်္ဂလီတွေပေါ့နော် နိုင်ငံခြားက ပြန်ဝင်လာတော့မယ့် ထွက်ပြေးသွားပြီး ပြန်ဝင်လာတော့မယ့် ဘင်္ဂလီတွေကို တိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေးမပေးဖို့ကိစ္စတွေ ကျွန်မတို့ ပါတီကနေပြီးတော့ နိုင်ငံတော်အစိုးရကို တောင်ဆိုရင်းနဲ့ အဲလိုလုပ်ရပ်မျိုးတွေ ရှိလာခဲ့လို့ ရှိရင်လည်း ရှုတ်ချခြင်း တရားဝင်ပြောကြာခြင်းဖြစ်ပါတယ်`လို့  ပြည်ခိုင်ဖြိုးပါတီ၊ ပျဉ်းမနားမြို့နယ်ဥက္ကဌ ဒေါ်ဝင်းဝင်းသီက ပြောပါတယ်။

ဧပြီလအတွင်းကရန်ကုန်မြို့အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီးဒေါက်တာဝင်းမြတ်အေးရဲ့ ပြောကြားချက်အချို့နဲ့ပတ်သက်ပြီးတော့လည်း ပြည်ခိုင်ဖြိုးပါတီက ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီအနေနဲ့ သဘောထားထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသေးတယ်။

`ကိုယ့်ရဲ့တွေးနိုင်တဲ့ တစ်ထွာတစ်မိုက်လေးနဲ့ပေါ့ ၀င်ပြီးတော့မှ ပြောပြချင်တာ ပြည်သူလူထုကိုလည်း သိစေချင် တာ ကိုယ်လည်း နည်နည်းခံစားရတာပေါ့ အမျိုးသားရေးဖြစ်ပါတယ်။ ကိုယ့်တိုင်းရင်းသားလူမျိုးနဲ့ သူတို့ကို တန်းတူအခွင့်အရေးမပေးနိုင်ဘူး တန်းတူအခွင့်အရေးမပေးချင်ဘူးပေါ့ အဲဒါကြောင့်ပါ ကျန်တဲ့ ပါတီစွဲ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ အခုအစိုးရရဲ့လုပ်ဆောင်ချက်တွေ ကောင်းပါတယ်။ အဲဒီလူမျိုးရေးတစ်ခုတော့ နည်းနည်းလေးလွဲချော် နေသလားလို့ထင်မိတာပေါ့ ဆောင်ရွက်ချက်တွေ ကောင်းပါတယ်`လို့ သည်ကန့်ကွက်ရှုတ်ချခြင်းပွဲမှာ တက်ရောက်ဟောပြောခဲ့သူ ပျဉ်းမနားမြို့နယ်၊ ရန်အောင် (၂) ရပ်ကွက်မှ ဦးသန်းထိုက်လင်းက ပြောပါတယ်။
တိုင်းရင်းသားထက် ဘင်္ဂလီများအား ဦးစားပေးခြင်းကို ကန့်ကွက်ရှုတ်ချခြင်းပွဲမှာ လူဦးရေ ၁၀၀ ကျော်ခန့် တက်ရောက်လာကြပြီး မနက်ဖြန် မေလ ၈ ရက်နေ့မှာလည်း လယ်ဝေးနဲ့ တပ်ကုန်းမြို့နယ်တွေမှာ ပြုလုပ်သွားမယ် လို့ သိရပါတယ်။

Author/Photo – မာရီခိုင်

Kumudra