ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ရွေးချယ် တင်မြှောက်ခြင်းအခမ်းအနားကို ဇူလိုင်လ (၃၁) ရက် နံနက် (၉) နာရီအချိန်က ကျိုင်းတုံမြို့ ပြည်နယ်ပါတီရုံး အပေါ်ထပ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သဘာပတိကြီးအဖြစ် ဗဟို ကော်မတီဝင် ဦးစိုင်းလုံးဆိုင်မှ ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် လားဟူတိုင်းရင်းသား ဦးရှည်လှ၊ အာခါတိုင်းရင်သား ဦးဝင်းမြတ်တို့မှ ဆောင်ရွက်၍ သဘာပတိကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

13754505_1208800425826438_7215433910556975195_n

ဆက်လက်ပြီး ဗဟိုအလုပ်အမူဆောင် ရှမ်း(အရှေ့)နယ်မြေတာဝန်ခံ ဦးစိုးနိုင်မှ နုတ်ခွန်းဆက် အမှာစကား ပြောကြားပြီးနောက် ပြည်နယ်ပါတီ၏ လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာကို ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်း မှ ဖတ်ကြားတင်ပြကာ အစုအဖွဲ့မှ စာတမ်းများတင်ပြခြင်း အစီအစဉ်တွင် ပြည်နယ်ကော်မတီဝင် ဦးစိုင်းဟွမ်းနွဲ့မှ ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ပတ်သတ်သည့် စာတမ်းအားလည်းကောင်း၊ ပြည်နယ်ပါတီ ကော်မတီဝင် ဒေါ်နန်းနော်မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးစာတမ်းတို့ကို ဖတ်ကြားတင်ပြ၍ အခမ်းအနား(ပထမပိုင်း) ကို ခေတ္တရပ်နားခဲ့ပါသည်။

13903236_1208800585826422_292104198860669094_n 13887108_1208800449159769_4123399728688686777_n

အခမ်းအနား(ဒုတိယပိုင်း) ကို (၁၁း၂၀)အချိန်တွင် ပြန်လည်ကျင်းပရာ ပြည်နယ်ပါတီကော်မတီဝင် ဦးအားဖာမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီကော်ဝင်များ၊ ခရိုင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးများ၏ အမည်စာရင်းများအား ဖတ်ကြားတင်သွင်းခြင်းကို စတင် ဆောင်ရွက်ခဲ့ပြီး ပြည်နယ်ပါတီ ကော်မတီဝင် ဦးရှာမွေလရှဲန်မှ ပြည်နယ်ပါတီ ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများ နှင့် ဆောင်ရွက်ထားရှိပြီးသော အခြေအနေများကို ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  13912500_1208800532493094_8515705866659232963_n 13879187_1208800492493098_1103685648855415454_n

ထို့နောက် တွဲဖတ်ပြည်နယ်အတွင်းရေးမှူး ဦးစိုင်းကျော်လှမှ ပြည်နယ်ပါတီ ကော်မတီဝင်(အသစ်)များ၊ (အရံ)ပါတီ ကော်မတီဝင်(အသစ်)များ၏ အမည် စာရင်းများကို ကြေညာပြီး နာယကကြီးမှ အတည်ပြုချက်ရယူခဲ့ပြီး ဗဟိုပါတီ ညီလာခံသို့အမည်စာရင်းတင်သွင်းမည့် ပြည်နယ်ပါတီ ဘဏ္ဍာရေးမှူး (၁)ဦး၊ ပြည်နယ်ပါတီ အတွင်းရေးမှူး(၃)ဦး၊ ပြည်နယ်ပါတီဘဏ္ဍာရေးမှူး(၁)ဦးတို့၏ အမည်စာရင်းများတင်သွင်းခဲ့ပါသည်။

တင်သွင်းခဲ့သော ပြည်နယ်ပါတီကော်မတီဝင်(၁၅)ဦး၏ အမည်စာရင်းများမှာ ဦးစိုင်းကျော်လှ၊ ဦးအားဖာ၊ ဦးရှာမွေလရှဲန်၊ ဦးစိုင်းဟွမ်နွဲ့၊ ဦးစတီဖန်၊ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်၊ ဦးစိုင်းထွန်းစိန်၊ ဦးဝီလ်ဆင်မိုး၊ ဒေါ်တင်မေထွန်း၊ ဒေါ်နန်းလာ၊ ဦးစိုင်းလုံ၊ ဒေါ်နန်းကိန်ခမ်း၊ ဦးအောင်သန်း၊ ဦးအားရံ၊ ဦးစိုင်းတွီ တို့ဖြစ်ပြီး တင်သွင်း ခဲ့သော ပြည်နယ်(အရံ)ပါတီကော်မတီဝင် (၁၅)ဦး၏ အမည်စာရင်းမှာ ဦးတင်မောင်ဝင်း၊ ဦးအားကို၊ ဒေါ်နန်းဝိုးစိန်၊ ဒေါ်နန်းဟွမ်၊ ဦးစိလပ်၊ ဦးမြင့်နိုင်၊ ဦးစိုင်းလှဝင်း၊ ဦးစိုင်းရီ၊ ဦးယောဘ၊ ဒေါ်နန်းကျောက်တစ်၊ ဦးစိုင်းဆမ်၊ ဦးစိုင်းကျောက်၊ ဦးစောမူလာ၊ ဦးတင်ဝင်း၊ ဦးလော်ဂျူး တို့ဖြစ်ကာ ဗဟိုပါတီညီလာခံသို့ အမည်စာရင်း တင်သွင်း မည့် ပြည်နယ်ပါတီအတွင်းရေးမှူး(၃)ဦးမှာ ဦးစိုင်းကျော်လှ၊ ဦးရှာမွေလရှဲန်၊ ဦးစိုင်းဟွမ်နွဲ့ တို့ဖြစ်သည်။ ယခု ညီလာခံမှ ဒေါ်နန်းနော် အား ပြည်နယ်ပါတီဘဏ္ဍာရေးမှူးအဖြစ် အတည်ပြုတာဝန်ပေးအပ်ခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစပ်အောင်မြတ်က ပြည်နယ်ပါတီ ကော်မတီဝင်များနှင့် (အရံ)ကော်မတီဝင်များကို တာဝန်ပေးအပ်ရာ ပြည်နယ် ကော်မတီဝင် ဒေါ်နန်းကိန်ခမ်းမှ လက်ခံရယူခဲ့ပြီး သဘာပတိကြီး ဦးစိုင်းလုံးဆိုင် မှ ဦးဆောင်၍ ပြည်နယ်ပါတီကော်မတီဝင်၊ (အရံ)ကော်မတီဝင်များ ကတိသစ္စာပြုခြင်းကို ဆောင်ရွက်ကာ အခမ်းအနားကို ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

ရှမ်းပြည်နယ်(အရှေ့)ပါတီမျက်နှာစုံညီအစည်းအဝေးသို့ ဗဟိုအလုပ် အမှုဆောင် ရှမ်း(အရှေ့) နယ်မြေတာဝန်ခံ ဦးစိုးနိုင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစပ်အောင်မြတ်နှင့်အတူ လက်ရှိလွှတ်တော်ကိုယ်စားလှယ်များ၊ ယခင် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းဆတ် မှ ခရိုင်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာ ရေးမှူးနှင့် အဖွဲ့ဝင်(၆)ဦးစီးနှင့် (၁၀)မြို့နယ်မှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး(၂)ဦးစီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် မအားဗျာနှင့် တွဲဖတ်အခမ်းအနားမှူးအဖြစ် မမေမိုးအေးတို့မှ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရှမ်း/ရှေ့ သတင်းစုံ


Leave a Reply