ပါတီဗဟိုအတွင်းရေးမှူးဦးဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စာ လှယ်အဖွဲ့ လင်ဟိုင်ရပ်ကွက်သို့ သွားရောက်လေ့လား

 

တရုတ်ကွန်မြူနစ်ပါတီ (CPC) ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ လျောင်းနင်မြို့ တလျန်မြို့ရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဦးဆောင်သော မြန်မာ့ချစ်     ကြည်ရေးကိုယ်စာလှယ်(၂၁) ဦးသည် ၂၀၁၇ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့က ဒေသစံတော် ချိန် (၀၉း၀၀) နာရီချိန်တွင် တလျန်မြို့ လင်ဟိုင်ရပ်ကွက်သို့ သွားရောက် ကာ တရုတ်ကွန်ြ မူနစ်ပါတီရဲ့ ဆောင်ရွက်ချက်များကို ကြည်ရှုလေ့လာ ခြင်း၊ သိရှိလိုသည့်အချက်များအား ရပ်ကွက်ပါတီမှ တာဝန်ရှိသူများအား မေးမြန်ဆွေးနွေးပြီး မွန်းတည့်(၁၂း၀၀) နာရီချိန်တွင် ဆွေးနွေးပွဲ
ပြီးမြောက်ကာ ကိုယ်စာလှယ်အဖွဲ့နှင့် ရပ်ကွက်မှ တာဝန်ရှိသူများနှင့် အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့သည်။

ဆက်လက်ပြီး တလျန်တရုတ်ကွန်မြူနစ် ပါတီသင်တန်းကျောင်းခန်းမ၌ မွန်းလွဲ(၀၂း၀၀)နာရီချိန်တွင် ဌာနမှူး Mrs.Gao Liliမှ တရုတ်ကွန်မြူနစ် ပါတီ အထွေထွေအတွင်းရေးမှူး Mr. ရှီကျင့်ဖျင်၏ ပါတီတည်ဆောက်ရေး ဆိုင်ရာ မိန့်ခွန်းကောက်နုတ်ချက်များအား ရှင်းလင်းခဲ့ပြီး တက်ရောက်ခဲ့ ကြသည့် ကိုယ်စာလှယ်အဖွဲ့မှ သိရှိလိုတာများအား မေးမြန်ဆွေးနွေးရာ သင်တန်းကျောင်းဌာနမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးရာ ညနေ
(၀၅း၀၀) နာရီချိန်တွင် ပြီးမြောက်ခဲ့သည်။

#naylinnhtun