လိဒ်စ်ယူနိုက်တက်နှင့် မြန်မာအသင်း ခြေစမ်းပွဲ လက်မှတ်များ ကြိုတင်ရောင်းချမည်

ဓာတ်ပုံ-MFF

ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် ကျင်းပမည့် အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်နှင့် မြန်မာအသင်းများ ခြေစမ်းပွဲအတွက် လက်မှတ်များ ကြိုတင်ရောင်းချမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြော သည်။ 

လိဒ်စ်ယူနိုက်တက် အသင်း  သည် AYA Bank Tour 2018 အ ဖြစ် ရန်ကုန်မြို့နှင့် မန္တလေးမြို့ တွင် ခြေစမ်းပွဲများ လာရောက် ကစားမည်ဖြစ်ပြီး ရန်ကုန်မြို့၌ ယှဉ်ပြိုင်မည့် မြန်မာလိဂ် ညွန့် ပေါင်း (MNL All Stars) နှင့် လိဒ်စ် ယူနိုက်တက် ပွဲစဉ်အတွက် ကြို တင် လက်မှတ်များကို မေလ ၃ ရက်က စတင်၍ ရောင်းချမည် ဖြစ်သည်။ ထို့အပြင် မန္တလေးမြို့တွင် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်နှင့် လိဒ်စ်ယူနိုက်တက် ပွဲစဉ်အ တွက် ကြိုတင်လက်မှတ်များကို မေလ ၅ ရက်ကစတင်၍ ရောင်းချ မည် ဖြစ်သည်။

လက်မှတ်ခနှုန်းထားများအဖြစ် ရိုးရိုးတန်းကျပ် ၂,၀၀၀၊ ကျပ် ၃,၀၀၀ နှင့် အထူးတန်း ကျပ် ၄,၀၀၀ သက်မှတ်ထားသည်။

‘‘လိဒ်စ်နဲ့ မြန်မာအသင်းတွေ  ခြေစမ်းပွဲကို ပရိသတ်တွေ အဆင်ပြေပြေကြည့်လို့ရဖို့ လက်မှတ်တွေ ကြိုရောင်း ပေးတာပါ။ ဒီတစ်ခေါက် ဘောလုံးကွင်းတွေအပြင် ရန်ကုန်၊ မန္တလေးက ဧရာဝတီဘဏ်ခွဲတိုင်းမှာလည်း အလွယ်တကူ လက်မှတ်ဝယ်လို့ရအောင် စီစဉ်ပေးထားပါတယ်။ လိဒ်စ်အသင်းလို ပရီးမီးယားလိဂ်အသင်းနဲ့  မြန်မာအသင်းတွေ ကစားမှာဖြစ်လို့ ပရိသတ်တွေ ကွင်းထဲအရောက် လာအားပေးဖို့လည်း ဖိတ်ခေါ်ပါတယ်’’ ဟု ဦးဇော်မင်းထိုက် က ပြောသည်။

ကြိုတင်လက်မှတ်များကို မေလ ၃ ရက်ကစတင်ကာ ရန်ကုန်မြို့ ဧရာဝတီဘဏ်ခွဲများနှင့် သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊  ပဒုမ္မာကွင်းတို့တွင် ရောင်းချမည်ဖြစ်ပြီး လှည်းတန်းစင်တာ၌လည်း မေလ ၆ ရက်က စတင်၍ ရောင်းချမည် ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်း နှင့် လိဒ်စ်ယူနိုက်တက်အသင်းတို့  ခြေစမ်းပွဲစဉ်အတွက် ကြိုတင် လက်မှတ်များကို မန္တလေးမြို့ရှိ ဧရာဝတီဘဏ်ခွဲများနှင့် မန္တလေး မြို့ မြန်မာဘောလုံး အကယ်ဒမီ တွင် ရုံးချိန်အတွင်း ဖွင့်လှစ်ရောင်း ချမည်ဖြစ်သည်။ မြန်မာလိဂ် ညွန့်ပေါင်းနှင့် လိဒ်စ်ယူနိုက်တက်  ပွဲစဉ်ကို လာမည့် မေလ ၉ ရက် ညနေ ၆ နာရီတွင် သုဝဏ္ဏအား ကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာ့ လက်ရွေးစင်အသင်းနှင့် ပွဲ စဉ်ကို မေလ ၁၁ ရက် ညနေ ၆ နာရီ တွင် မန္တလေးမြို့ မန္တလာသီရိကွင်း၌ကျင်းပမည်ဖြစ်သည်။ 

7Days