စံချိန်တင်နိုင်ပွဲနဲ့ ပြန်လာနိုင်ခဲ့တဲ့ နာဒယ်

ဂျာမနီအသင်းနဲ့ ကစားခဲ့တဲ့ Davis Cup ဖလားပွဲစဉ်မှာ ဒဏ်ရကနေ ပြန်လည်သက်သာပြီး ၀င်ရောက်ကစားခဲ့တဲ့ နာဒယ်ဟာ စံချိန်သစ်တစ်ခုကို ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလတုံးကစားခဲ့တဲ့ သြစတြေးလျ အိုးပင်း ပြိုင်ပွဲပြီးဆုံးချိန်တည်းက ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ နာဒယ်ဟာ Davis Cup ပထမဆုံး ပြန်လည်ကစားခဲ့တဲ့ ပွဲစဉ်မှာပဲ ကိုရှာရီဘာကို ၆-၂ ၊ ၆-၂ ၊ ၆-၃ နဲ့အနိုင်ရရှိခဲ့ပါတယ်။

ဒီနိုင်ပွဲဟာ နာဒယ်အတွက်တော့ Davis Cup ပြိုင်ပွဲမှာ ၂၃ ပွဲမြောက်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲမှာ နိုင်ပွဲဆက်မှု အများဆုံးစံချိန်ကို နာဒယ်တင်နိုင်ခဲ့ပါတယ်။အစောပိုင်း ပွဲစဉ်မှာ ဂျာမနီနိုင်ငံသား ဇိရဗ်က စပိန်နိုင်ငံသား ဒေးဗစ်ဖာရာကို ၆-၄ ၊ ၆-၂ ၊ ၆-၂ နဲ့အနိုင်ယူခဲ့တာကြောင့် နာဒယ်ရဲ့ အနိုင်ရလဒ်က အသင်းအပေါ် ကို အကျိုးရှိစေခဲ့ပါတယ်။

“ကျွန်တော့်ပရိတ်တွေရှေ့မှာ အမှတ်တရ အောင်ပွဲတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။ ဒဏ်ရာကနေ ပြန်လာခဲ့ရတဲ့သူ တစ်ယောက်အတွက် အရာရာက ခက်ခဲပါတယ်။” လို့နာဒယ်က ဆိုခဲ့ပါတယ်။

ပြင်သစ်နဲ့ အီတလီတို့ ပွဲစဉ်မှာတော့ တစ်ပွဲစီသရေရလဒ်ထွက်ပေါ်နေခဲ့ပြီး အန်ဒရက်စ် ဆပ်ပီက လူးကပ်ပိုလီကို ၆-၃ ၊ ၆-၂ ၊ ၄-၆ ၊ ၃-၆ ၊ ၆-၁ နဲ့ အရေးနိမ့်ခဲ့ပြီး ဖော့နီနီကတော့ ချာဒီကို ၆-၇ ၊ ၆-၂ ၊ ၆-၂ ၊ ၆-၃ နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ ခရိုအေးရှားအသင်းကတော့ ကာဇက်စတန်အသင်းကို မာဆင်စီလစ်က ဒီမီထရီ ပေါ့ကိုကို ၆-၂ ၊ ၆-၁ ၊ ၆-၂ နဲ့အနိုင်ယူခဲ့တဲ့ နိုင်ပွဲနဲ့အတူ ဦးဆောင်နိုင်ခဲ့ပြီး အမေရိကန်အသင်းကတော့ ပြီးခဲ့တဲ့ မိုင်ယာမီအိုးပင်းချန်ပီယံ ဂျို့စ်အစ္စနာ နဲ့ ဆမ်ကွာရေးတို့ရဲ့ ဒီလော်ရီ နဲ့ ဘီမယ်မာနက်စ်တို့ကို အနိုင်ယူခဲ့တဲ နိုင်ပွဲတွေနဲ့အတူ ၂ ပွဲပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

 

Ref : Fox Sports Asia