ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေနှင့် အစားအစာများလှူဒါန်း

 

ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် အုပ်စုဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီက ရေလည်ကျွန်းအုပ်စုရှိ အောင် မင်္ဂလာကျေးရွာရေကာတာအတွက် အလှူငွေများလှူဒါန်းခဲ့ပြီး ကျွန်းမီး အုပ်စု ကန့်လန့်ကုန်းကျေးရွာတွင် နေထိုင်သည့် အသက် ၁ဝ၁နှစ်ရှိ အဘွား ဒေါ်လှငွေအားအလှူငွေ များသွားရောက် လှူဒါန်းပေးအပ်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် ယနေ့ နံနက် ၉ နာရီ က ပြည်ခိုင်ဖြိုးပါတီ ပြည်ခရိုင် ပါတီကော်မတီဝင် ဦးသောင်း ထွန်း၊ ပန်းတောင်းမြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဇော်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ရွှေညီနောင်အုပ်စု ဗြူးကုန်းကျေး ရွာမှ ဆင်းရဲနွမ်းပါး၍တစ်ဦးတည်း နေထိုင်လျက်ရှိသော ဦးခင်မောင် ကျော်အား ဆန်၊ ဆီ၊ ငါးပိနှင့်ငါး သေတ္တာဘူးများကို သွားရောက် ကူညီထောက်ပံ့ခဲ့ပြီး ရေမနောက် ကျေးရွာ ရေရှားပါးမှုအားသွား ရောက်ကြည့်ရှုခဲ့ပြီး ရေလှူပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူရအောင်(ပြည်)