မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရုရှားသို့ ရောက်ရှိ

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရိယောင်ဟိုဟာ ရုရှားမြို့တော် မော်စကိုကို အလည်အပတ် ခရီးစဉ်နဲ့ ဧပြီ ၁၀ ရက်နေ့က ရောက်လာပါတယ်။

ကိုရီးယားကျွန်းဆွယ် အခြေအနေနဲ့ နိုင်ငံတကာ နိုင်ငံရေး အခြေအနေတွေအရ မြောက်ကိုရီးယားနဲ့ ရုရှားတို့ ပိုအားကောင်းတဲ့ ဆက်ဆံရေး ရှိဖို့လိုတယ်ဆိုတာ ပြနေတယ်လို့ ရိယောင်ဟိုက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗ်ရော့ဗ်နဲ့အတူ ပြောခဲ့တာပါ။

အဲဒီနောက် သူတို့နှစ်ယောက်ဟာ မြောက်ကိုရီးယား နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်နဲ့ ပတ်သက်တဲ့ အခြေအနေတွေကို စပြီး ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ အမေရိကန်အစိုးရတွေကြား တင်းမာမှုတွေကိုလည်း ဆွေးနွေးခဲ့ တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။

(DVB)