ကင်ဂျုံအန်းနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိကြောင်း ဒေါ်နယ်ထရမ့် ပြော

Photo: Donald J. Trump – facebook

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နဲ့ လာမယ့် မေလ သို့မဟုတ် ဇွန်လ အစောပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က မနေ့က ပြောပါတယ်။

အဲဒီတွေ့ဆုံမှုကနေ နှစ်နိုင်ငံဆက်ဆံရေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အခြေအနေမျိုးနဲ့ လုံးဝ မတူကွဲပြားတဲ့ အခြေအနေသစ်တစ်ရပ် ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်ရကြောင်းလည်း သမ္မတ ထရမ့် က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပထမဆုံး သမိုင်းဝင်ဖြစ်မယ့် အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို ဘယ်မှာလုပ်မယ်၊ ဘာတွေဆွေးနွေးမယ်ဆိုတာ အပါအဝင် အသေးစိတ်အချက်လက်တွေကိုတော့ မသိရသေးပါဘူး။

မြောက်ကိုရီးယားဟာ အရင်က သူ့အပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖြေလျော့ပေးပြီး စားနပ်ရိက္ခာ အကူအညီပေးမယ်ဆိုရင် နျူးကလီယားလက်နက်အစီစဉ်တွေ ရပ်ဆိုင်းမယ်လို့ ကတိပေးခဲ့ပေမယ့် အဲဒီကတိကို ပယ်ဖျက်ခဲ့ဘူးပါတယ်။

-Ref; RFA