ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး Ms.Vanessa Chan မှ လာရောက်တွေ့ဆုံ

နေပြည်တော် ဧပြီ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး Ms.Vanessa Chan က ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေး မှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးတင်ဦးလွင်နှင့် ဒေါက်တာနန္ဒာလှမြင့်တို့ တက်ရောက်ကြပြီး စင်ကာပူနိုင်ငံသံအမတ်ကြီး Ms.Vanessa Chan နှင့်အတူ အဖွဲ့ဝင်တစ်ဦး တက်ရောက်ကြောင်း သိရသည်။