ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့ မန္တလေးမြို့ရှိအထင်ကရနေရာများသို့ လေ့လာရေးခရီးလည်ပတ်

 

မန္တလေး ဇွန် ၁၃

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့အား မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မန္တလေးမြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးအဖြစ် ယနေ့နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ အလည်အပတ်ပို့ဆောင်ပေးခဲ့သည်။

ထိုသို့လည်ပတ်ရာသို့ တိုင်း ဒေသကြီး ပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဒေါ်သိင်္ဂီအောင်(လူ ငယ်ရေးရာတာဝန်ခံ)၊ ဒေါ်သန်း သန်းအေးနှင့် ဦးကျော်စန်း၊ ပြည် ထောင်စုနယ်မြေပါတီကော်မတီဝင် ဒေါ်သီတာထွေး၊ ပြည်ထောင်စု နယ်မြေပါတီကော်မတီဝင် လူငယ် ရေးရာတာဝန်ခံ ဦးကျော်ဌေး၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဘိုသင်း၊ နေပြည်တော် ခရိုင်ပါတီကော်မတီဝင်ဦးခင်မောင် ထွန်း၊ ပြည်ထောင်စုနယ်မြေ ပြည် ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့မှ လူ ငယ် ၉၈ ဦးတို့ အပါအဝင် စုစု ပေါင်းအင်အား ၁ဝဝကျော် လိုက် ပါခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ ပြည်ခိုင် ဖြိုးလူငယ်အဖွဲ့အနေဖြင့် မန္တလေး မြို့၏ အထင်ကရနေရာများဖြစ် သော မဟာမုနိဘုရားကြီး၊ မြနန်း စံကျော်ရွှေနန်းတော်၊ ကုသိုလ်တော် ဘုရား၊ ကျောက်တော်ကြီးဘုရား၊ အတုမရှိရွှေကျောင်းနှင့် ဦးပိန် တံတားအစရှိသော နေရာများသို့ လေ့လာရေးခရီးအဖြစ် သွားရောက် လည်ပတ်ခဲ့ကြသည်။

သုတ