ရွှေဘိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရွှေဘို ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၉နာရီက ခရိုင်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသန်းဝင်းထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေးနှင့် ခရိုင်ကော်မတီဝင်များ၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်းမြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ လူငယ်ရေးရာတာဝန်ခံများ တက်ရောက်ကြ ကြောင်း သိရသည်။

ပထမဦးစွာ တိုင်းဒေသကြီးကော်မတီဝင် ဦးသန်းဝင်းထွန်းက တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး၏လုပ်ငန်း လမ်းညွှန်မှုများကို ထပ်ဆင့်ရှင်းလင်းပြီး ခရိုင်အတွင်းရေးမှူး ဦးမြတ်မျိုးညွန့်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများက အသီးသီးဆွေးနွေးကြပြီး မွန်းလွဲပိုင်းတွင် အစည်းအဝေးပြီးမြောက်ကြောင်း သိရသည်။

စိမ်းနိုင်(ဝက်လက်)