ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်

ညောင်ရွှေ ဧပြီ ၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပါတီရုံးတွင် ကျင်းပရာ ပါတီဗဟိုကော်မတီဝင် ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းဇော်ဇော်၊ ပြည်နယ်ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးအုန်းဖေ၊ ဦးစိန်လေးမောင်တို့က အဖွင့်အမှာစကားပြောကြားကြပြီး ညောင်ရွှေမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစံရွှေက ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရုပ်သိမ်းလိုက်သည်။

အဆိုပါနိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ပြည်နယ် ပါတီကော်မတီဝင် ဦးစိုင်းဇော်ဇော်နှင့်အတူ ပြည်နယ်ပါတီကော်မတီဝင်များ၊ ညောင်ရွှေမြို့နယ် ပါတီကော်မတီဝင် များ၊ သင်တန်းသား/သင်တန်းသူ ၈၅ ဦး အပါအဝင် စုစုပေါင်း အင်အား ၁ဝဝ ခန့် တက်ရောက်ကြောင်း သိရသည်။

သန်းထူး(တောင်ကြီး)