၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဗြိတိန်ဒိုင်လူကြီးများ ရွေးချယ်ခံရခြင်းမရှိ

ဖီဖာဟာ ရုရှားမှာကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒိုင်လူကြီး(၃၆)ဦး အမည်စာရင်း ထုတ်ပြန်ခဲ့ရာမှာ ဗြိတိန်ဒိုင်တွေ ပါဝင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ဒါဟာ ၁၉၃၈ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗြိတိန်ဒိုင်တွေ မပါဝင်တာ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။ မက်ကလက်တန်ဘတ်ဟာ ဖီဖာရဲ့ ဒိုင်စာရင်းမှာ ကာလရှည်ကြာပါဝင်ခဲ့တဲ့ တစ်ဦးတည်းသော ဗြိတိန်ဒိုင်လူကြီးပါ။ ဒါပေမယ့်သူဟာ ပရီးမီးယားလိဂ်ကနေ ထွက်ခွာပြီး ဆော်ဒီလိဂ်ဒိုင်အကြီးအကဲအဖြစ် ဆောင်ရွက်နေပါတယ်။ ဒါကြောင့်လည်း ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ အခွင့်အရေးဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။

အက်ဖ်အေဟာ ကလက်တန်ဘတ်နေရာမှာ အခြားဒိုင်တစ်ဦးနဲ့ အစားထိုးဖို့ ဖီဖာထံတောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

-Ref; Sky sports