မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၏ အေအက်ဖ်စီဖလား အုပ်စုပွဲစဉ်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသမည်

၂၀၁၇ အေအက်ဖ်စီဖလား အုပ်စုပွဲစဉ်များအနက် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများ ယှဉ်ပြိုင်သည့် အုပ်စု တွင်း ပွဲစဉ်များအားလုံးကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသပေး သွားမည်ဖြစ်ပါသည်။

 

အေအက်ဖ်စီဖလားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အမှတ်ပေးချန်ပီယံ ရတနာပုံအက်ဖ်စီနှင့် ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားချန်ပီယံ မကွေးအက်ဖ်စီအသင်းတို့ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိထားသည်။

ပြိုင်ပွဲတွင်မကွေးအသင်းက လေးသင်းပါဝင်သည့် အုပ်စုတွင်းကျရောက်နေပြီး အိမ်ကွင်း၊ အဝေးကွင်း စုစုပေါင်း ၆ ပွဲ ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ ရတနာပုံအသင်းက သုံးသင်းပါဝင်သည့် အုပ်စုတွင်း ကျရောက်နေကာ အိမ်ကွင်း၊ အဝေးကွင်း စုစုပေါင်း လေးပွဲ ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

မကွေးအသင်းသည် အုပ်စု (စ) တွင် မလေးရှားကလပ်ဂျေဒီတီ (JDT)၊ ဖိလစ်ပိုင်ကလပ် ဂလိုဘယ်နှင့် ကမ္ဘော ဒီးယားကလပ် အန်ကောအက်ဖ်စီအသင်းတို့ နှင့် ကျရောက်လျက်ရှိသည်။ မကွေးအသင်းအသင်း၏ ပွဲဦးထွက် ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၆ နာရီက ဖိလစ်ပိုင်နိုင်ငံရှိ ရီဇယ်လ်မန်မိုရီရယ်လ်ကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ပြီး ယင်းပွဲစဉ်မှ စတင်ကာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသပေးသွားမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၂၂ ရက်၊ ညနေ ၅ နာရီတွင် မန္တလေးမြို့၊ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်သွားမည့် ရတနာပုံအက်ဖ်စီနှင့် ဟုမ်းယူနိုက်တက်အသင်းတို့၏ ပွဲစဉ်ကိုလည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက တိုက်ရိုက်ပြသပေးသွားမည်ဟု သိရသည်။ ရတနာပုံအသင်းသည် အေအက်ဖ်စီဖလား အုပ်စု(ဇ) တွင် ကစင်ကာပူကလပ် ဟုမ်းယူနိုက်တက်၊ ဗီယက်နမ်ကလပ် သန်ကွမ်နင်း အသင်းများနှင့် အုပ်စု (ဇ) ၌ ပါဝင်နေပြီး ပွဲဦးထွက် ဟုမ်းယူနိုက်တက်အသင်းနှင့် တွေ့ဆုံနေခြင်းဖြစ်သည်။

မကွေးအသင်း၏ အုပ်စုတွင်းပွဲစဉ်များ

၂၁-၂-၂၀၁၇      – (ညနေ ၆း၀၀)   ဂလိုဘယ် – မကွေး

၇-၃-၂၀၁၇        – (ညနေ ၃း၃၀)   မကွေး – ဂျေဒီတီ

၁၄-၃-၂၀၁၇      – (ညနေ ၅း၃၀)   အန်ကောအက်ဖ်စီ – မကွေး

၅-၄-၂၀၁၇        – (ညနေ ၅း၃၀)   မကွေး – အန်ကောအက်ဖ်စီ

၁၉- ၄- ၂၀၁၇    – (ညနေ ၃း၃၀)   မကွေး – ဂလိုဘယ်

၃-၅-၂၀၁၇        – (ည ၇း၀၀ )      ဂျေဒီတီ – မကွေး

ရတနာပုံအသင်း၏ အုပ်စုတွင်း ပွဲစဉ်များ

၂၂-၂-၂၀၁၇      – (ညနေ ၅း၀၀)   ရတနာပုံ – ဟုမ်းယူနိုက်တက်

၈-၃- ၂၀၁၇       – (ညနေ ၅း၃၀)   သန်ကွမ်နင်း- ရတနာပုံ

၁၈-၄-၂၀၁၇      – ( ညနေ ၆း၀၀) ဟုမ်းယူနိုက်တက်- ရတနာပုံ

၂-၅- ၂၀၁၇       – (ညနေ ၅း၀၀)   ရတနာပုံ- သန်ကွမ်နင်း