ဧပြီလ၏ အကောင်းဆုံးကစားသမားဆုကို ဗာဒီ ဆွတ်ခူး

လက်စတာတိုက်စစ်မှူး ဗာဒီ သည် ဧပြီလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူး ရရှိခဲ့သည်။ ဗာဒီ သည် လက်စတာအား ရော်ဂျာရောက်ရှိလာပြီးနောက် ခြေစွမ်းပြနိုင်ခဲ့ပြီး ဧပြီလအတွင်း ကစားခဲ့သည့် ပွဲစဉ်များတွင် ငါးဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။ အဆိုပါ သွင်းဂိုးများကြောင့် ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်စာရင်းတွင် ၁၈ ဂိုးဖြင့် ထိပ်ပိုင်းသို့ ရောက်ရှိလာခဲ့သူလည်း ဖြစ်သည်။ ဗာဒီ သည် ဧပြီလအတွက် အကောင်းဆုံးဆုကို ဟာဇက်၊ ဟန်ဒါဆင်၊ လာပေါ်တီ၊ ရှိန်းလောင်း၊ အန်ဇိုရက်ဇ်၊ ဆာလက်နှင့် ခရစ္စ၀ုဒ်တို့ကို ကျော်ဖြတ်ခဲ့ရသည်။ ဧပြီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းဆုကိုတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ရရှိခဲ့သည်။

-Ref: Premierleague