ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်ထု အမျိုးသမီးထုနှင့်တွေ့ဆုံ

 

ရန်ကုန် မတ် ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံဦးခင်ရီသည် ဒဂုံတောင်ပြည်ခိုင်ဖြိုး ပါတီ အမှုဆောင်များ၊ လူငယ်ထု အမျိုးသမီးထုနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၁ဝ နာရီက ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီကော်မတီရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုကော်မတီဝင်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဦးတင်အောင်၊ ဒေါ်စန်းစန်းဝင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါက်တာ ကျော်စိုး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေးနှင့် မြို့နယ်ပါတီဝင်များ၊ လူငယ် များ၊ အမျိုးသမီးထုများ အင်အား ၁၅ဝ ကျော်တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ နိုင်ငံတော်သီချင်းသီဆိုပြီး အခမ်းအနားကိုဖွင့်လှစ် သည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏လက်ရှိအခြေ အနေများနှင့် ပါတီ၏စည်းရုံးရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စများကို ချပြဆွေးနွေးပြီး ယခုခရီးစဉ်သည် မိမိတို့ပါတီဝင်များ အား ရင်းနှီးနွေးထွေးစွာတွေ့ဆုံလို၍ လာရောက်ခြင်းဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးအတွက် အတူ လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေးက မြို့နယ် ပါတီမှ ပါတီ၏စည်းရုံးရေးအတွက် ဆောင်ရွက်ထားရှိမှုများကို တင်ပြ သည်။
ထို့နောက် ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ က နိဂုံးချုပ်စကားပြောကြားခဲ့သည်။

ထိန်ဝင်း(YGN)