မင်္ဂလာဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နွေရာသီသိုင်းသင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန် မတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှကျင်းပသော နွေရာသီသိုင်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မင်္ဂလာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲသို့ ပါတီဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးခင်မောင်တင့်နှင့် ခရိုင်အတွင်းရေးမှူးဦးမျိုးဇော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးမင်း၊ အတွင်းရေးမှူး ဦးမျိုးမင်းနိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီကော်မတီ ဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူ ၄၈ ဦးတို့ တက်ရောက် ကြပြီး ဗဟိုကော်မတီဝင်ဦးတင်မောင်ဝင်းက အမှာစကားပြောကြားပြီးနောက် သင်တန်းတွင် ထူးချွန်ဆုရရှိ သူများအား ဗဟိုကော်မတီဝင်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးခင်မောင်တင့်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးမင်းတို့မှ ပေးအပ်ချီးမြှင့်ခဲ့သည်။ သင်တန်းမှာ ရက်သတ္တပတ်သုံးပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)