ကျောက်တန်းတွင်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးဆင့်ပွားသင်တန်းဖွင့်

 

ရန်ကုန် မတ် ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်ကျောက် တန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့် လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှုဆင့် ပွားသင်တန်းအမှတ်စဉ်(၂/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည် ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့ နံနက် ၉ နာရီတွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီဘဏ္ဍာရေးမှူး ဒေါ်အေးမင်း မိုးနှင့်ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်မောင် တာနှင့် ရပ်ကွက်ကျေးရွာများမှ ဥက္ကဋ္ဌများ၊ သင်တန်းသားသင်တန်း သူ ၇၅ ဦးတက်ရောက်ကြသည်။ အခမ်းအနားတွင် ပါတီဗဟိုကော် မတီဝင် တိုင်းဒေသကြီးပါတီဘဏ္ဍာ ရေးမှူး ဒေါ်အေးမင်းမိုးက အဖွင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ သင်တန်းကို ပို့ချခဲ့ပြီး သင်တန်းကာလမှာ သုံး ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။

ကိုကျောက်တန်း