လှိုင်းဘွဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးအဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေး

 

လှိုင်းဘွဲ မတ် ၂၁

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယခုလ ၁၆ရက် နံနက် ၁ဝနာရီက လှိုင်းဘွဲမြို့နယ်တာဝန်ခံ ဦးစောမြင့်ဝင်းအောင်၊ ပြည်နယ်ကော်မတီဝင် ဦးဝင်းတင့်နှင့် လှိုင်းဘွဲမြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးအဖွဲ့ဝင်များ အင်အား ၃၅ ဦးဖြင့်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်၏လစဉ်ပုံမှန် အစည်းအဝေးဆုံးဖြတ် ချက်များမှ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ လစဉ်လုပ်ငန်းလျာထားချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့ပြီး အစည်း အဝေးကို မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ တွင် ရုပ်သိမ်းခဲ့သည်။

Union daily