ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ပုလောမြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံ

 

ပုလော၊ သြဂုတ် ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးသည် ယမန်နေ့မွန်းတည့် ၁၂ နာရီက တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်ပါတီရုံးတွင် ပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာကျော်ကျော်ဌေး၊ တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ တိုင်းဒေသ ကြီး ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းအောင်၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးနေမျိုးနှင့် တိုင်းဒေသကြီး ကော်မတီဝင် များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်ကျေးပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။

ဝဏ္ဏကျော်