ကလပ်အသင်း ဥက္ကဋ္ဌ သေနတ်နဲ့ကွင်းထဲ ၀င်လို့ ဂရိဘောလုံးပွဲတွေ ဖျက်သိမ်း

ဂရိကလပ် PAOKဆလိုနီကာအသင်း ဥက္ကဋ္ဌဖြစ်သူဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ကွင်းထဲကို သေနတ်ကိုင်ပြီး ဆင်းလာတဲ့အတွက် ပွဲစဉ်ကို ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့က PAOKဆလိုနီကာနဲ့ AEKအေသင်တို့ရဲ့ ပွဲစဉ်မှာ ဂိုးမရှိသရေကျနေချိန်ဖြစ်တဲ့ ၈၉ မိနစ်မှာ သူ့အသင်းဘက်က ဂိုးသွင်းတာကို လူကျွံတယ်ဆိုပြီး ဒိုင်လူကြီးက ခွင့်မပြုခဲ့တဲ့အတွက် PAOKဆလိုနီကာ ဥက္ကဋ္ဌ အိုင်ဗန်ဆာဗစ်ဒစ်ဟာ ကွင်းထဲကို သေနတ်ကိုင်ဆင်းလာပြီး ဒိုင်ကို ထိပ်တိုက်တွေ့ခဲ့တဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဒိုင်လူကြီးတွေ အပါအ၀င် AEKအေသင်ကစားသမားတွေဟာ သူတို့အသက်အန္တရာယ်ကို စိုးရိမ်လို့ အ၀တ်လဲခန်းထဲထွက်သွားခဲ့ကြရာမှာ ပြန်လာခြင်း မရှိတော့ပါဘူး။

ဒီဖြစ်ရပ်အပြီး ၂ နာရီအကြာမှာ တာဝန်ရှိသူတွေက ပွဲကို ဖျက်သိမ်းခဲ့သလို ဒိုင်လူကြီးကလည်း သူ့ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့ပါတယ်။ ဖီဖာကတော့ဒီဖြစ်ရပ်ကို ရှုတ်ချလိုက်ပြီး လက်ခံစရာမရှိတဲ့ဖြစ်ရပ်လို့ ဆိုခဲ့ပေမယ့် စည်းကမ်းပိုင်းအရအရေးယူမှုကိုတော့ ဂရိဘောလုံးအဖွဲ့ချုပ်ကသာ လုပ်ဆောင်ရလိမ့်မယ်လို့ ကြေညာခဲ့ပါတယ်။

-Ref; Sky sports