အီတလီအိုးပင်းမှာ မာရေးနဲ့ ဆရီနာ ဝီလျံ ချန်ပီယံဆု ဆွတ်ခူး

516498498498

အီတလီအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဗြိတိန်တင်းနစ် ကစားသမား အန်ဒီမာရေးနဲ့ အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံတို့ ဗိုလ်စွဲပြီး ချန်ပီယံဆုဖလား ဆွတ်ခူးသွားခဲ့ပါတယ်။

တနင်္ဂနွေနေ့ (မေလ ၁၅ ရက်) မှာ ကျင်းပခဲ့တဲ့ အီတလီအိုးပင်း အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာ အန်ဒီမာရေး က နိုဗက်ခ်ဂျိုကိုဗစ်ကို ၆-၃၊ ၆-၃ ဖြင့် ပွဲငယ်နှစ်ပွဲပြတ် အနိုင်ရရှိကာ ဆုဖလား ရရှိခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ အသက် ၂၉ နှစ်ပြည့်တဲ့ မာရေးအတွက် အီတလီအိုးပင်း ဆုဖလားက မွေးနေ့လက်ဆောင် ပမာလည်း ဖြစ်လာခဲ့ပါတယ်။ မာရေးနဲ့ ဂျိုကိုဗစ်တို့ရဲ့ အီတလီအိုးပင်း ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားမှုဟာ ၁ နာရီနဲ့ ၃၅ မိနစ် ကြာမြင့်ခဲ့ပါတယ်။

အီတလီအိုးပင်းရဲ့ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာ ဆရီနာဝီလျံက မက်ဒီဆန်ကီးစ်ကို ၇-၆၊ ၆-၃ ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

ယခု ဆုဖလားဟာ ကမ္ဘာ့အဆင့်တစ် အမျိုးသမီးတင်းနစ်မယ် ဆရီနာအတွက် လေးကြိမ်မြောက် အီတလီအိုးပင်း ဆုဖလား ဆွတ်ခူးနိုင်တာလည်း ဖြစ်ပါတယ်။ ဆရီနာနဲ့ မက်ဒီဆန်ကီးစ်တိုရဲ့ အီတလီအိုးပင်း ဗိုလ်လုပွဲစဉ်ဟာ ၁ နာရီ နဲ့ ၂၄ မိနစ် ကြာမြင့်ခဲ့ပါတယ်။

-Ref; Sky Sport


Leave a Reply