အောင်ငှိမ်းပြန်ကစားမယ့် မလေးရှားဆီးဂိမ်းအတွက် မြန်မာမြားပစ်အဖွဲ့ ရွှေသုံးခု မှန်း

14518830_1246245758732905_1730435401_n

၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲမှာ ရွှေသုံးခုရဖို့  မြန်မာမြားပစ်အားကစားအဖွဲ့က မျှော်မှန်းထားတယ်လို့ သိရပါတယ်။  ပြိုင်ပွဲအမျိုးအစားအားလုံးကို ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပြီး  အောင်ငှိမ်းတို့လည်း ပြန်လည်ကစားမှာဖြစ်တဲ့ အတွက် ရွှေတံဆိပ်သုံးခုရဖို့ မျှော်မှန်းထားတာဖြစ်ကြောင်း   မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး က ပြောကြားထားတာဖြစ်ပါတယ်။

ရဲမင်းဆွေနဲ့ အောင်ငှိမ်းတို့ဟာ ကစားသမားဘဝကနေ အနားယူခဲ့ပြီဖြစ်ပေမဲ့ ကစားသမား လိုအပ်ချက်အရ လာမယ့် ဆီးဂိမ်းမှာ  ပြန်လည်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

လက်ရှိမှာ Recurve နဲ့ Compound အတွက် ပဏာမလက်ရွေးစင် အမျိုးသား၊ အမျိုးသမီး ၂၀ ဦးနဲ့ နေပြည်တော်မှာ စခန်းသွင်း လေ့ကျင့်နေကြောင်းသိရပါတယ်။ မြားပစ်မှာ ကမ္ဘာ့အဆင့်(၁) ဖြစ်တဲ့ တောင် ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်းလေ့ကျင့်မှုတွေ ပြုလုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။

Photos & Source: 7Day Daily


Leave a Reply