၂ဝ၁၈ ကမ္ဘာ့ဖလားပွဲ ရုပ်သံတင်ဆက်ခအဖြစ် မော်ရင်ဟို တစ်ရက် ပေါင် လေးသိန်း ရရှိမည်

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘောလုံးပွဲခန့်မှန်း သုံးသပ်သူအဖြစ် ရုရှားနိုင်ငံ တကာသတင်းချန်နယ် RT အတွက်တင်ဆက်ပေးမှုမှ တစ်ရက်ပေါင်လေးသိန်းအထိ ရရှိမည်ဖြစ် ကြောင်း သိရသည်။

မော်ရင်ဟိုသည် RT နှင့်စာချုပ်ချုပ်ခဲ့ပြီးဖြစ်ရာ ရုရှားမြေတွင် လေးရက်ကြာ ဘောလုံး သုတေသီလုပ်ပေးခြင်းမှ ပေါင်၁ ဒသမ ၇၁ သန်းရရှိနိုင်မည်ဖြစ်သည်။ မော်ရင်ဟိုကို လာမည့် ရုရှား ကမ္ဘာ့ ဖလားပွဲတွင် ပွဲသုံးသပ် တင်ဆက်သူအဖြစ် ဘီဘီစီနှင့် အိုင်တီဗွီတို့မှ ခန့်အပ်ရန်ချဉ်းကပ်ကြသော်လည်း မော်ရင်ဟိုက ထိုပွဲများကို တိုက်ရိုက်ပြသခွင့်မရသည့် ရုရှားရုပ်သံ RT ကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုသည် RT ရုပ်သံတွင် ကမ္ဘာ့ဖလားဗိုလ်လုပွဲအား တင်ဆက်မည့် သူဖြစ်ကြောင်းကို ယမန်နေ့က အတည်ပြုကြေညာခဲ့ပြီး မော်ရင်ဟိုကြောင့် အဆိုပါရုပ်သံမှ ကြော်ငြာဝင်ငွေများစွာလည်း ရရှိနိုင်မည်ဖြစ်သည်။

မော်ရင်ဟို သည် ကမ္ဘာ့ဖလားပွဲများနှင့် ပတ်သက်ပြီး ဝင်ငွေများစွာ ရရှိခဲ့ကာ ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလားပွဲတွင် Yahoo သတင်းဌာနအတွက် သုံးသပ်တင်ဆက်မှုမှ ပေါင်တစ်သန်းကျော် ရရှိခဲ့သေးသည်။ မော်ရင်ဟိုသည် RT အတွက် ကမ္ဘာ့ဖလားပွဲများကို သွားရောက်တင်ဆက်ခြင်းမပြုမီနှင့် ယခုဘောလုံးရာသီကြားတွင် မိသားစုနှင့် အားလပ်ရက် အပန်းဖြေခရီး ထွက်မည်ဖြစ်ကြောင်း ဖွင့်ပြောခဲ့သည်။

—Ref:Sky Soprt