ဂတ်တူဆိုနှင့်အတူ ပြန်လည်မွေးဖွားလာသည့် အေစီမီလန်နှင့် အာဆင်နယ် ရင်ဆိုင်တွေ့

နည်းပြဂတ်တူဆိုလက်ထက်တွင် ရလဒ်ကောင်းမွန်ပြီး ပြန်လည်မွေးဖွားလာသည့် အေစီမီလန်သည် ယနေ့ည အာဆင်နယ်နှင့် ယူရိုပါလိဂ် (၁၆) သင်းအဆင့်၌ ရင်ဆိုင်ရမည်ဖြစ်သည်။

အေစီမီလန်သည် ပိုင်ရှင်အပြောင်းအလဲနှင့်အတူ ပြီးခဲ့သည့် နွေရာသီက ယူရိုသန်း ၂၂၀ အသုံးပြုပြီး တစ်ချိန်က အောင်မြင်မှုများဆီ ပြန်လည်ခြေလှမ်းရန် ကြိုးပမ်းနေသည်။

အီတလီသတင်းဌာနများက စီးရီးအေဖလားရနိုင်သော အသင်းတစ်သင်းဟု ဖော်ပြသည့် အေစီမီလန်သည် လက်ရှိတွင် ယူအီးအက်ဖ်အေ၏ ဘဏ္ဍာငွေမျှတစွာ ယှဉ်ပြိုင်ရေး စည်းကမ်းအတွက် စောင့်ကြည့်ခံနေရသည်။

အေစီမီလန်နည်းပြ ဂတ်တူ ဆိုက မိမိသည် ကြီးကျယ်သော နည်းပြတစ်ဦးမဟုတ်ဘဲ လေ့လာသင်ယူစရာများ ရှိနေကြောင်း ပြောသည်။

ပြီးခဲ့သည့် ခြောက်ပွဲဆက် ပေးဂိုးမရှိသော အေစီမီလန်သည် နောက်ဆုံးခြောက်ပွဲတွင် ငါးပွဲရှုံးထားသော အာဆင်နယ်ကို လက်ခံ ကစား၍ မိမိတို့အကောင်းဆုံး ယှဉ်ပြိုင်မည်ဟု ဂတ်တူဆိုက ပြောသည်။

ပရီးမီးယားလိဂ်တွင် ရလဒ် ဆိုးရွားနေပြီး ဖိအားများနေသော အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြိုင်ပွဲတိုင်း အရေးကြီးသည်ဟု ပြောဆိုပြီး အေစီမီလန်နှင့် ပွဲအတွက် အသေအချာ ပြင်ဆင်ထားကြောင်း ပြောသည်။

အာဆင်နယ်က မကြာမီ ထုတ်ပယ်မည်ဟု သတင်းထွက်နေသော ဝင်းဂါးနေရာတွင် မန်စီးတီး နည်းပြဟောင်း ပယ်လီဂရီ နီနှင့် အစားထိုးရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

ဝင်းဂါးကမူ မိမိအနေဖြင့် လက်ရှိအခြေအနေကို ပြောင်းပြန်လှန်နိုင်သော အနေအထား၌ ရှိနေဆဲဖြစ်ကြောင်း ပြောသည်။

အာဆင်နယ်သည် ပရီးမီးယားလိဂ်၌ ထိပ်တန်းလေးသင်းဝင်ရန် မဖြစ်နိုင်သောအနေအထားတွင် ရှိနေသည်။

—Ref:Sky Soprt