နှစ် ၁၀၀၀ ကျော်သက်တမ်းရှိ တိဘက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း မီးလောင်

တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လာဆာရှိ နာမည်ကျော် ဇုဟန်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းမှာ ဖေဖော်ဝါရီ ၁၇ ရက်က မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

အဲဒီ ဇုဟန်း ဘုန်းတော်ကြီးကျောင်းဟာ ယူနက်စကို အသိမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် တခုဖြစ်ပြီး နှစ်ပေါင်း ၁,၀၀၀ ကျော် သက်တမ်းရှိတယ်လို့ တိဘက်ဒေးလီး သတင်းဌာနက  ဆိုပါတယ်။

မနက်စောစောပိုင်း  မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ ပျက်စီးမှုစာရင်းကို ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

“ကမ္ဘာကြီးရဲ့ခေါင်မိုး” လို့ တင်စားခေါ်ဝေါ်တဲ့ တိဘက်ဒေသမှာ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ကြပြီး တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

(DVB)