ကမ္ဘာ့အဆင့်(၁)နေရာကို ပြန်လည်ရယူရန် ဖက်ဒရာ မျှော်လင့်နေ

ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒရာက ကမ္ဘာ့အဆင့်(၁)နေရာကို ပြန်လည်ရယူရန်မျှော်လင့်ထားသည်ဟု ဆိုလိုက်သည်။ ဖက်ဒရာမှာ သြစတြေးလျှအိုးပင်း တစ်ဦးချင်းပြိုင်ပွဲတွင် လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ခဲ့ပြီး ဂရန်းဆလန်း အကြိမ်(၂၀)ရကစားသမားအဖြစ် စံချိန်သစ်တစ်ရပ်ကို ထပ်မံတင်ယူသွားနိုင်ခဲ့သည်။

အသက် ၃၆နှစ်အရွယ် ဖက်ဒရာမှာ ကမ္ဘာ့အဆင့်(၁)တင်းနစ်သမားဟောင်းတစ်ဦးဖြစ်ပြီး လာမည့်တစ်ပတ်အတွင်း ကမ္ဘာ့အဆင့်(၁)နေရာကို ပြန်လည်ရရှိဖွယ်ရှိနေသည်။ နယ်သာလန်နိုင်ငံ ရော့တာဒမ်အိုးပင်းပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁၁၂ရှိသည့် ဘယ်ဂျီယံသားရူဘင်ဘီမယ်လ်မန်းစ်ကို အနိုင်ရရှိခဲ့ပြီးနောက် ATP အဆင့် သတ်မှတ်ချက်တွင် အမှတ်ပေးဇယားကို ဦးဆောင်နေသည့် နာဒါးလ်နှင့် ရမှတ် ၁၅၅မှတ်အကွာ ဒုတိယနေရာတွင် ရပ်တည်နေသည်။ လက်ရှိတွင် အမှတ်ပေးဇယားကို ဦးဆောင်နေသည့် နဒါးလ်မှာ ဒဏ်ရာပြဿနာကြောင့် အနားယူနေရပြီး ဖေဖေါ်ဝါရီလကုန်အထိ ပြိုင်ပွဲများကို ၀င်ရောက်ယှဉ်ပြိုင်နိုင်မှာ မဟုတ်သောကြောင့် ဖက်ဒရာမှာ လာမည့် တစ်ပတ်အတွင်း ကမ္ဘာ့အဆင့်(၁)နေရာကို လွှဲပြောင်းရယူသွားဖွယ်ရှိနေသည်။ ဖက်ဒရာနေဖြင့် ကမ္ဘာ့အဆင့်(၁)နေရာကို ပြန်မည်ဆိုပါက အသက် ၃၆နှစ်နှင့် အသက်အကြီးဆုံး ကမ္ဘာ့အဆင့်(၁) ကစားသမား ဖြစ်လာမည်ဖြစ်သည်။

-Ref; Sky sprots