ကမ္ဘာ့စနူကာချန်ပီယံဘွဲ့ကို အင်္ဂလန်သား ဆယ်လ်ဘီ ဆက်လက်ထိန်းသိမ်း

အင်္ဂလန်သား မာ့ခ်ဆယ်လ်ဘီသည် ချန်ပီယံဆု (၄)ကြိမ်ဆွတ်ခူးခဲ့ဖူးသည့် စကော့တလန်သား ဂျွန်ဟစ်ဂင်ကို အနိုင်ယူ၍ ကမ္ဘာ့စနူကာ ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။

အသက်(၃၃)နှစ်အရွယ် မာ့ခ်ဆယ်လ်ဘီသည် ဂျွန်ဟစ်ဂင်၏ (၁၀-၄)ပွဲဖြင့် ဦးဆောင်မှုကြောင့် နောက်ကနေ လိုက်ကစားခဲ့ရပြီး (၁၈-၁၅)ဖြင့် ပြန်လည်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မာခ့်ဆယ်လ်ဘီသည် ၂၀၁၄ခုနှစ်ကလည်း နာမည်ကျော် အိုလ်ဆူလေဗန်ကို နောက်ကနေလိုက်၍ကစားပြီး အနိုင်ရရှိခဲ့ဖူးကြောင်း သိရသည်။

ကမ္ဘာ့စနူကာချန်ပီယံရှစ်ပြိုင်ပွဲနောက်ဆုံး (၄)ကြိမ်တွင် ချန်ပီယံဘွဲ့ကို (၃)ကြိမ်တိုင် ရရှိခဲ့သော မာခ့်ဆယ်လ် ဘီသည် နှစ်ပေါင်း(၄၀)အတွင်း လက်ရှိချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်သော (၄)ဦးမြောက် ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

-Ref; AFP