ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလင်းရောင်ဖောင်ဒေးရှင်းစာသင်ဆောင်ဆောက်လုပ်မှုစတင်

ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ အလင်းရောင်ဖောင် ဒေးရှင်းနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်းတို့ပူးပေါင်း ၍ မှော်ဘီ၊ တိုက်ကြီးနှင့်              ထန်းတပင်မြို့နယ်များတွင် အလျားပေ၆ဝ၊ အနံပေ ၃ဝရှိ စာသင်ဆောင်ကိုး ဆောင် ဆောက်လုပ်လှူဒါန်းရန် အတွက် စတင်ဆောင်ရွက်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက          မှော်ဘီမြို့နယ် နတ်ရဲ ကွင်းကျေးရွာတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီ အတွင်းရေးမှူးဦးသာဝင်း၊ ဗဟို ကော်မတီဝင်အလင်းရောင်ဖောင် ဒေးရှင်းဥက္ကဋ္ဌဒေါက်တာနေလင်း၊              ဗဟိုကော်မတီဝင် ဦးတင်ဝင်းနှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အလှူရှင်များ၊ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း ဒုတိယအထွေ ထွေညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ဝင်များ၊ ကျောင်းကိုးကျောင်းမှ အကျိုးဆောင်များနှင့် ဆရာဆရာမ များ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

အစီအစဉ်အရပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းကအမှာစကားပြောကြား သည်။ ထို့နောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းဒုတိယ အထွေထွေညွှန်ကြားရေးမှူးချုပ် က စာသင်ဆောင်လှူဒါန်းရ ခြင်း အကြောင်း ရှင်းလင်းတင်ပြပြီး ကျောင်းအကျိုးဆောင်များကိုယ် စား ဦးသိန်းရီကကျေးဇူးတင် စကားပြောကာ အလှူရှင်နှင့် တာ ဝန်ရှိသူများက စာသင်ဆောင်ကို ပန္နက်တင်မင်္ဂလာ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိန်ဝင်း(YGN)