သရက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စတုဒိသာအလှူပွဲ ကုသိုလ်ယူပါဝင်လှူဒါန်း

 

သရက်မြို့နယ် မိုးနတ်ကုန်း ကျေးရွာအုပ်စု မိုးနတ်ကုန်းကျေး ရွာ၌ ယမန်နေ့ နံနက် ၁ဝနာရီက ခုနစ်ရက် ခုနစ်လီကျင်းပသော စတုဒိသာအလှူပွဲသို့ သရက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီက ကုသိုလ်ယူ ပါဝင်လှူဒါန်းခဲ့ကြသည်။

အဆိုပါ လှူဒါန်းပွဲသို့ မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်ဒေါ်ယဉ်ယဉ်လှနှင့် သရက်ခရိုင် မြို့နယ်ပါတီကော်မ တီဝင်များ၊ပါတီဝင်များက ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ခုနစ်ရက် ခုနစ်လီ ကျင်းပမည့် စတုဒိသာ အလှူပွဲတွင် ကုသိုလ်ယူကာလုပ်အားဒါနဖြင့် ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အောင်ကြီး(သရက်)