ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အိမ်တွင်းလက်မှုပညာသင်တန်းဖွင့်လှစ်

 

ကချင်ပြည်နယ် ဖားကန့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ အဖွဲ့ကကြီးမှူး၍ အိမ်တွင်းလက် မှုပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁ဝနာရီက တာမခံမြို့သစ်ရှိ ပါတီပိုင်အဆောက်အအုံ၌ကျင်းပရာ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးအင်ဖရောင်း ဂမ်က သင်တန်းဖွင့်လှစ်ရခြင်းရည် ရွယ်ချက်များကိုလည်းကောင်း၊ သင်တန်းနည်းပြ ဒေါ်ခေါန်မိုင်က သင်တန်း၌ လက်တွေ့သင်ကြား ပေးမည့် လက်မှုပညာရပ်များကို လည်းကောင်း ရှင်းလင်းပြောကြား ကြသည်။

သင်တန်းသို့ သင်တန်းသူ ၃၂ ဦးတက်ရောက်ကြပြီး သင်တန်း ကာလမှာ သုံးရက်ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)