ပြည်သူအကျိုးပြုဆောင်ရွက်ခြင်း

(၂၇-၁၀-၂၀၁၇) ရက်နေ့၊ နံနက် (၈) နာရီအချိန်တွင် ခရိုင်မီးသတ်ဦးစီးဌာန၊ ဦးစီမှူး ဦးထွန်းနိုင်ဦး ဦးဆောင်၍ မီးသတ်ယာဉ် (၁) စီး ၊ တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးဘိုစံ ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များ၊ ပါတီလူငယ်(၁၀) ဦး၊ ရွှေတာချီ လူမှုကူညီရေးအသင်း ကော်မတီဝင် ဦးကျော်ဇင်ဟိန်း ဦးဆောင်သည့် ရွှေတာချီအသင်းသား (၅) ဦးတို့သည့် (အလက) ခွဲ တာလော့ကျောင်း အောက်ထပ်ဆောင်များတွင် ရေကြီးစဉ် တင်ကျန်နေသော ရွှံနွံများ ရေးဆေးခြင်း၊ ကျောင်းဝင်းတွင်း ရွှံနွံများကို မီးသတ်ယာဉ်ဖြင့် ဆေးကြော ခြင်းများကို နေ့လည် (၁၁) နာရီအထိ လုပ်အားဒါနပြုခဲ့ကြပါသည်။

လုပ်အားဒါနပြုအဖွဲ့များအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးမာနှင့် ဆရာမများ၊ တာလော့ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ ကျေးဇူးတင်စကား ပြောကြားပြီး အအေးများဖြင့် ဧည့်ခံခဲ့ကြောင်းသိရှိရပါသည်။

Crd;