မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဓမ္မစကူးလ်သင်တန်းသားများအား ကျွေးမွေးလှူဒါန်း

မြင်းခြံမြို့နယ် အနိမ့်ကျေးရွာနှင့် အိုင်းမကျေးရွာတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ဓမ္မစကူးလ် သင်တန်းများတွင် ယမန်နေ့ နံနက် ၈ နာရီခွဲက ကျောင်းသားကျောင်းသူများအား မြင်းခြံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဝေမျိုးဟန်၊ ဘဏ္ဍာရေးမှူး ဦးကျော်ကျော်ဦး၊ ခရိုင်ပါတီကော်မတီဝင် ဦးဘိုသိန်းနိုင်တို့က ဦးဆောင်ပြီး အာဟာရဒါနအဖြစ် ရေခဲမုန့်ကျွေးမွေးပြီး ဖိနပ်များ ပေးအပ်လှူဒါန်း ကုသိုလ်ယူခဲ့ကြသည်။

အနိမ့်ကျေးရွာမှ ဆရာတော်ဦးတေဇနိယ၏ မိန့်ကြားချက်အရ အနိမ့်ကျေးရွာဓမ္မစကူးလ်သင်တန်းသား သင်တန်းသူ ၁၅၇ ဦးနှင့်အိုင်းမကျေးရွာမှ သင်တန်းသားသင်တန်းသူ ၁၃၅ ဦး သင်ကြားလျက်ရှိကြောင်း သိရသည်။
ယင်းနောက် အတွင်းရေးမှူးနှင့်အဖွဲ့သည် အနိမ့်ကျေးရွာနှင့် အိုင်းမကျေးရွာရှိ ပါတီဝင်ခေါင်းဆောင်များအား တွေ့ဆုံပြီး ပါတီ၏ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များ ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရသည်။

မြင်းခြံမျိုးကို