ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေး မြန်မာအစိုးရ၏ အစီအစဉ်များကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ကြိုဆို

ရခိုင်ပြည်နယ်တွင် မကြာမီက ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံခြားရေး ဝန်ကြီးများက စိုးရိမ်ကြောင်း အာဆီယံဥက္ကဋ္ဌ၏ ရခိုင်ပြည်နယ်လူသားချင်း စာနာထောက်ထားရေး  အခြေအနေ ဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ပြီး မြန်မာအ စိုးရ၏ ပြဿနာဖြေရှင်းရေးအစီ အစဉ်များကို ထောက်ခံကြောင်း ဖော်ပြထားသည်။

သြဂုတ် ၂၅ ရက်က ရခိုင် ပြည်နယ်တွင် အစိုးရလုံခြုံရေး တပ်ဖွဲ့များအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် အရပ်သား များ သေဆုံးပြီး လူအများအိုးအိမ်  စွန့်ခွာထွက်ပြေးခဲ့ရသော အကြမ်းဖက်မှုများအားလုံးကို ရှုတ်ချ ကြောင်း ကြေညာချက်၌ ဖော်ပြ ထားသည်။

ရခိုင်ပြည်နယ်ရှိ အခြေအနေသည် နက်ရှိုင်းသော သမိုင်းရင်း မြစ်များရှိသည့် လူ့အသိုင်းအဝိုင်း များကြား ပြဿနာတစ်ရပ်ဖြစ်ပြီး ပါဝင်ပတ်သက်နေသော အစုအဖွဲ့အားလုံးအနေဖြင့် မြေပြင်တွင် ဖြစ်ပေါ်နေသော အခြေအနေကို ပိုဆိုးရွားစေနိုင်သည့် လုပ်ရပ်မှန် သမျှ ရှောင်ရှားရန် အခိုင်အမာ တိုက်တွန်းကြောင်း ကြေညာ ချက်၌ ဖော်ပြထားသည်။

ယင်းပြဿနာဖြစ်ပွားစေသောရင်းမြစ်များကို ရှာဖွေရမည်ဖြစ်ပြီးပြဿနာကြောင့် ထိခိုက်ခဲ့သော အသိုင်းအဝိုင်း များ ၎င်းတို့၏ဘဝပြန်လည်တည် ဆောက်နိုင်ရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ကြား ဆွေးနွေးရန် အပြင် ရေရှည်ဖြေရှင်းချက်ရှာဖွေရ မည်ဟု ကြေညာချက်၌ တိုက်တွန်းဖော်ပြထားသည်။

အရပ်သားများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ရခိုင်ဒေသတွင်း အကြမ်းဖက်မှုများအဆုံးသတ်ရေး၊ ဒုက္ခသည် များကို စစ်ဆေးရေး လုပ်ငန်းစဉ်များ ပြုလုပ်၍ ပြန်လည်လက်ခံရေးနှင့် လူမှုစီးပွားရေးအခြေအနေများ ပုံမှန် ပြန်ဖြစ်အောင် လုပ်ဆောင်ရေး ချက်ချင်းအရေးယူ ဆောင်ရွက်မည်ဆိုသော မြန်မာအစိုးရ၏ ကတိပြုမှုများကို ကြိုဆိုကြောင်း အာဆီယံဥက္ကဋ္ဌ ကြေညာချက်၌ ဖော်ပြထားသည်။

ယင်းအစီအစဉ်များကို ဆောင်ရွက်ရာတွင် နိုင်ငံတကာ၏ အကူအညီများနှင့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့တို့ နှင့် ပူးပေါင်းဆောင်ရွက်မည့် မြန်မာအစိုးရ ဦးဆောင်သော လုပ်ငန်းစဉ် စတင်မှုကိုလည်း ကြိုဆိုကြောင်း နှင့် ထိခိုက်သူများအားလုံးထံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးပို့ခွင့်လည်း အရေးကြီး ကြောင်း ယင်းကြေညာ ချက်၌ ဖော်ပြထားသည်။

မြန်မာအစိုးရ၏ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးမည့် အစီအစဉ်များကို ကြိုဆိုပြီး အာဆီယံ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က မည်သူမည်ဝါ မခွဲခြားဘဲ အကူအညီများ ပေးပို့မည်ဖြစ်ကြောင်း ကြေညာချက်၌ ဆက်လက်ဖော်ပြထားသည်။ ထို့အပြင် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက် များကို ဆက်လက် အကောင်အထည်ဖော်ရေး တိုက် တွန်းထားသည်။

လူ့အသိုင်းအဝိုင်းများကြား ရင်ကြားစေ့ရေး၊ ညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများ တွင် ပါဝင်ကူညီရန် အာဆီယံ နိုင်ငံများက ပြင်ဆင်ထားသည် ဟု ဖော်ပြသည်။ ရခိုင်ပြည်နယ်တွင် ညီမျှသော ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ကူညီမည်ဟု ကြေညာချက်တွင် ဖော်ပြ ထားသည်။

သို့သော်မလေးရှားနိုင်ငံက အာဆီယံအဖွဲ့၏ ရခိုင်ပြည်နယ် ဆိုင်ရာ ကြေညာချက်ကို ၎င်းတို့ သဘောမတူဟု တနင်္ဂနွေနေ့က ပြောကြားသည်။ တနင်္ဂနွေနေ့ (စက်တင်ဘာ ၂၄ ရက်)က သီးခြားထုတ်ပြန်ချက် တစ်ရပ်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး အနီဖာအမန်က မိမိ တို့နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့၏ ကြေညာချက်သည် အခြေအ နေအမှန်ကို ဖော်ပြမှု လွဲမှားနေသည်ဟု ခံစားရကြောင်း ဖော်ပြထားသည်။ မလေးရှားက သြဂုတ် ၂၅ ရက်တိုက်ခိုက်မှုများကို ရှုတ်ချသော်လည်း နောက်ဆက်တွဲ မြန်မာအာဏာပိုင်များ၏ နယ်မြေ ရှင်းလင်းမှု များသည် သင့်တော်မှု မရှိဟု ဆိုသည်။

အာဆီယံဥက္ကဋ္ဌ ကြေညာ ချက်သည် အများသဘောတူမှု အပေါ် အခြေခံထားခြင်းမဟုတ် ဟု အနီဖာအမန်က ပြောသည်။ အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်ကို တနင်္ဂနွေနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံပြင်ပတွင် ထုတ်ပြန်ခြင်းဖြစ်သည်။

—Ref:asean.org/CAN ( 7day daily )