ကုလအထွေထွေညီလာခံတက်ရောက်ခဲ့သည့် ဒုသမ္မတ(၂)ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ

(၇၂)ကြိမ်မြောက်ကုလ သမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ခဲ့သော ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူသည် စက်တင်ဘာ ၂၅ ရက်တွင် ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင် ရာ လေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံ သို့ ပြန်လည်ထွက်ခွာခဲ့သည်။  အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ အထွေထွေ မူဝါဒမိန့်ခွန်းပြောကြားသော ဒုသမ္မတ(၂)ဦးဟင်နရီဗန်ထီးယူသည် စက်တင်ဘာ ၂၄ ရက်တွင် ဂျွန်အက်ဖ် ကနေဒီလေဆိပ်မှ အင်ချွန်းအ ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန် လည်ထွက်ခွာခဲ့သည်။

ဒုသမ္မတ(၂)ဦးဟင်နရီဗန် ထီးယူနှင့်အတူ အမျိုးသားလုံခြုံ ရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံ ခြားရေးဒုဝန်ကြီး ဦးကျော်တင်တို့လည်း ပြန်လည်လိုက်ပါလာကြောင်း နိုင်ငံတော် သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကုလသမဂ္ဂအထွေထွေညီလာခံသို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား တက်ရောက်သည့် ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၆ ရက်ညတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ပြီး အမေရိကန်၌ ခုနစ်ရက် ကြာနေထိုင်ခဲ့သည်။

ယခုနှစ်(၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ဌာနချုပ်၌ စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက် အထိ ကျင်းပခဲ့သည်။

( 7day daily )