ရန်ကုန်စတော့အိတ်ချိန်းတွင် သြဂုတ်အတွင်း ကျပ်နှစ်ဘီလီယံကျော်ဖိုး အရောင်းအဝယ်ဖြစ်ခဲ့

ရန်ကုန်စတော့အိတ်ချိန်းတွင် ဩဂုတ်အတွင်းက အစုရှယ် ယာ ကျပ် ၂ ဒသမ ၃ ဘီလီယံဖိုး အရောင်းအဝယ် ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်ထက်တစ်ဘီလီယံပိုခဲ့ ကြောင်း ရန်ကုန်စတော့အိတ်ချိန်း က စက်တင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ပမာဏသည် လွန်ခဲ့သည့် ငါးလအတွင်း အများဆုံး အရောင်းအဝယ် ဖြစ်ခဲ့သည့် ပမာဏဖြစ်ပြီး အထူးသဖြင့် သီလဝါ အများပိုင် ကုမ္ပဏီ(MTSH) နှင့် ပထမပုဂ္ဂလိကဘဏ်တို့၏ ရှယ် ယာများ ရောင်းအားနှစ်ဆခန့် မြင့်တက်ခြင်းကြောင့်ဖြစ်သည်။

MTSH ကုမ္ပဏီသည် ဇူလိုင် အတွင်း ကျပ်သန်း ၄၀၀ ခန့်အရောင်းအဝယ်ဖြစ်ပြီး ဩဂုတ် တွင် ကျပ်သန်း ၇၂၀ ကျော်ရှိလာ သည်။ ပထမပုဂ္ဂလိကဘဏ်သည် ဇူလိုင်အတွင်း သန်း ၄၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ သော်လည်း ဩဂုတ်တွင် ကျပ် သန်း ၈၁၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ‘‘အခုက အလားအလာ ကောင်းတယ်လို့ပြောတဲ့ကုမ္ပဏီ တစ်ခုတည်းတက်တာမဟုတ်ဘူး။ ဒါကြောင့်ရှယ်ယာဈေးကွက် အလားအလာ ကောင်းတယ်လို့ ပြောရမယ်။ နောက်ပြီး ရှယ်ယာ တွေလည်း အတက်အကျရှိလာ ပြီး အသက်ဝင်လာတော့ ရှယ် ယာဈေးကွက် ပြန်လှုပ်တာလို့ ပြောရမယ်’’ဟု စီးပွားရေးပညာ ရှင်ဦးလှမောင်က ပြောသည်။

ရန်ကုန် စတော့အိတ်ချိန်းတွင် အများပိုင်ကုမ္ပဏီလေးခု၏ အစုရှယ်ယာများသည် ဇူလိုင်အ တွင်း ကျပ် ၁ ဒသမ ၃ ဘီလီယံဖိုး အရောင်းအဝယ် ဖြစ်သော်လည်း ဩဂုတ်တွင် ၂ ဒသမ ၃ ဘီလီယံအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ဧပြီအတွင်း ရှယ်ယာစုစု ပေါင်း ၁ ဒသမ ၂ ဘီလီယံဖိုး ရောင်းချနိုင်ပြီး မေ၊ ဇွန်နှင့် ဇူလိုင်လတို့တွင် ဆက်တိုက်ကျဆင်း လာသည်။

ရှယ်ယာ အရောင်းအဝယ် မြင့်တက်လာခြင်းသည် အစိုးရ ဘက်က အများပိုင်ကုမ္ပဏီ ၅၅ ခုကို ရှယ်ယာ ရောင်းချခွင့်ပေးမည် ဟုကြေညာခြင်း၊ လူထုကရှယ်ယာဈေးကွက်ကို စိတ်ဝင် စားလာခြင်း တို့ကြောင့် ဖြစ်ကြောင်း FMI ကုမ္ပဏီရှယ်ယာပိုင်ရှင်တစ်ဦးက ပြောသည်။

 လက်ရှိတွင် အများပိုင် ကုမ္ပဏီလေးခုကရှယ်ယာများ ရောင်းချနေပြီး အများပိုင်ကုမ္ပဏီများ ထပ်မံစာရင်း ဝင်လာမည်ဆိုသောကြောင့် ရှယ်ယာဝယ်ယူရန် စိတ်ဝင်စားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း MTSH ရှယ်ယာပိုင် ရှင်တစ်ဦးက ပြောသည်။ ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၆ မတ်လတွင် စတင်ဖွင့်လှစ် ခဲ့ပြီး ၂၀၁၆ တွင် ရှယ်ယာစုစု ပေါင်း ကျပ် ဘီလီယံ ၇၀ ကျော် ဖိုး အရောင်းအဝယ်ဖြစ်ခဲ့သည်။