အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားပြီးဖြစ်၍ ရခိုင်ပြည်နယ် အကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချကြောင်း အရေးကြီးအဆို မလိုအပ်ဟု လွှတ်တော်ဆုံးဖြတ်

ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြေင်း အရေးကြီးအဆို တင်သွင်းခြင်းကို သြဂုတ်၂၉ရက်က ပြည်သူ့လွှတ်တော် တွင် ပယ်ချခံရကြောင်း အဆိုတင်သွင်းသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းက ပြောသည်။ သြဂုတ် ၂၈ ရက်က ပြည်သူ့လွှတ်တော်ရုံးသို့ အရေးကြီးအဆို  တင်သွင်းခဲ့ပြီး ၂၉ ရက်တွင် အဆိုကို လက်မခံကြောင်း ၎င်းထံ အကြောင်းကြားခဲ့သည်ဟု ဦးလှဌေးဝင်းက ပြောသည်။ ‘‘အကြမ်းဖက်အဖွဲ့အစည်းလို့ ထုတ်ပြန်ထားပြီး ဖြစ်သည့်အတွက်တို့ တင်ပြတဲ့ ရှုတ်ချတယ်ဆိုတဲ့အဆိုက မလိုဘူးပေါ့’’ဟု လွှတ်တော်ရုံးက လက်မခံရသည့်အကြောင်း ရင်းကို ၎င်းကပြောသည်။

ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်လုပ်ရပ်အား ကန့်ကွက်ကြောင်းအရေးကြီးအဆိုကို လွှတ်တော်ကပယ်ချရခြင်းအား လက်မခံနိုင်၍ ၎င်းတို့ သဘောထားအမှန်ကို ပြောပြခြင်းဖြစ်ပြီး နိုင်ငံတော်အတွက် အန္တရာယ်ရှိလာသည်ဟု ယူဆသည့်အတွက် တင်သွင်းရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အုပ်ချုပ်ရေးယန္တရားယိုင်နဲ့အောင် တရားဥပဒေစိုးမိုးမှုမရှိအောင်နှင့် ဒေသတည်ငြိမ်အေးချမ်းရေး ပျက်ပြား အောင် လုပ်ဆောင်သောတရားမ၀င် ကျူးကျော်ဝင်ရောက်လာသည့် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် အသက်စတေး ခံရသော ဒေသခံတိုင်းရင်းသား မျိုးနွယ်စုပြည်သူများ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းများနှင့် မိသားစုများဘက်မှ လူသားချင်း အထူးစာနာထောက်ထားသော အမြင်ဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း အဆိုကို တင်သွင်းခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘မုန်းတီးမှု ဆန့်ကျင်လိုမှု စိတ်တစ်ခုတည်းနဲ့ လုပ်တာမဟုတ်ဘူးလို့ သစ္စာဆိုပြောရဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ရဲ့မျိုးရိုးစဉ်ဆက်၊ ကိုယ်ရဲ့သာ မြေးစဉ်ဆက်တွေထိအောင် အေးအေးချမ်းချမ်းနဲ့ သာသာယာယာ နေထိုင်နိုင်တဲ့ ပတ်ဝန်းကျင် ဖြစ်အောင်ဖန်တီးနိုင်ဖို့ တာဝန်ရှိ တယ်လို့ ယူဆတယ်။ အဲဒါကြောင့် ဒီအလုပ်ကို ဆက်လုပ် သွားမှာပါ’’ဟု ၎င်းကပြောသည်။

ပါတီအတွက်ကြောင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ မိမိဆန္ဒသဘောဖြင့် အဆိုတင်သွင်းရခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် အမျိုးဘာသာ၊ သာသနာ အတွက် ဆောင်ရွက်ဖြစ်ကာ လွှတ်တော်တွင်းနှင့် လွှတော်ပြင်ပတွင်လည်း ဆက်လက်လုပ်ဆောင်မည်ဟု ဦးလှဌေးဝင်းကပြောသည်။ ‘‘အုပ်ချုပ်ရေးယန္တရားတွေ အကုန်လုံးပြိုပျက်နေတဲ့ကာလမှာ ဒီဥပဒေပြုရေးလွှတ်တော်က ၀င်ထိန်းညှိပြီး တစ်ခုခုတော့ လုပ်သင့်တာပေါ့ဗျ။ အဲဒီလို မလုပ်လိုက်ရဘူးဆိုတော့ လွှတ်တော်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ပြည်သူ့အသံလွှတ်တော်အသံ ဆိုတာ မပီသတော့ဘူးပေါ့ဗျ’’ဟု အဆိုကို ထောက်ခံရန် စီစဉ်ထားသူ ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

အရေးကြီးအဆို    ပယ်ချရခြင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ချုပ်ဦးတင်ဝင်းအောင်ထံသို့ မေးမြန်းရာအဆိုများ လက်ခံခြင်းကို ဥက္ကဋ္ဌက ဆုံးဖြတ်ပြီး ၎င်းအနေဖြင့် ဖြေကြားခွင့်မရှိကြောင်း ပြောသည်။ ပြည်ထောင်စုလွှတ်တော်တွင် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ပြည်ခိုင်းဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦး သောင်းအေးက အဆိုကို တင်သွင်းခဲ့ရာ၌ ပယ်ချခံရသည်။