ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနား ကျင်းပ

 

ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနား ကို (၂၈.၈.၂၀၁၇) ရက်နေ့ နေ့လည် (၁း၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ယင်းအစည်းအဝေးသို့ တိုင်းပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်းနှင့် တိုင်းပါတီ ကော်မတီဝင် ဒေါက်တာ ထိန်ဝင်း၊ ဒေါ်ခင်စောမူ၊ ဒေါ်နွယ်နွယ်ဦး၊ ပုသိမ် ခရိုင်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ ပုသိမ်ခရိုင်အတွင်းရှိ (၇)မြို့နယ်မှ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ စုစုပေါင်းအင်အား (၅၀)ဦး တက် ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပုသိမ်ခရိုင်ဥက္ကဋ္ဌ လစ်လပ်နေရာအား ဆန္ဒပြုမဲပေး ရွေးချယ်ရာ ယခင်အတွင်းရေးမှူး ဦးကျော်ကျော်မှ ရရှိခဲ့ပြီး အတွင်းရေး မှူးနေရာအား ဆက်လက်ရွေးချယ်ရာ ခရိုင်ပါတီကော်မတီဝင် ဦးလှဌေးတို့ ရရှိခဲ့ပြီး ညနေ (၃း၀၀) နာရီအချိန်တွင် ကြွေးကြော်သံများ သံပြိုင်ရွတ်ဆို ၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲကြောင်း သိရှိရပါသည်။

USDP Ayeyarwady Region News