ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေးကျင်းပ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂ဝ၁၇ မြို့နယ်ပါတီကော်မတီ ကြားဖြတ်ရွေးချယ် ဖွဲ့စည်းရေးအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်ပြည်ခိုင်ဖြိုး ပါတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်ပါတီကော်မတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေးသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင် ကော်မတီဝင်ဦးသောင်း၊ မန္တလေးတိုင်းဒေသကြီး     ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ အတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီး ကော်မတီဝင် ခရိုင်နယ်မြေတာဝန်ခံ ဒေါ်သိင်္ဂီအောင်၊ ဦးသန်းထွန်း၊ ဦးကျော်စန်း၊ဦးအောင်နိုင်ဦး၊       ကျောက်ဆည် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်မြင့်သန်း နှင့်ကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစိုးစိုးထွန်း၊အတွင်းရေးမှူး ဦးဆွေဦးနှင့်ကော် မတီဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်စု ပခေါင်းဆောင်၊ ဒုခေါင်းဆောင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ အင်အား ၁၆ဝတက် ရောက်ကြသည်။

ရှေးဦးစွာ သဘာပတိအဖြစ် တိုင်းဒေသကြီးကော်တီဝင်ဦးသန်းထွန်းကအဖွင့်အမှာ စကားပြောကြား သည်။ ထို့နောက် ကျောက်ဆည် မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဦးဆွေဦးက      မြို့နယ်ပါတီ ကော်မတီဝင်အသစ်အမည်စာရင်း တင်သွင်းကြေညာသည်။ ရပ်ကွက် ကျေးရွာပါတီကော်မတီဝင်များ အစုအဖွဲ့ကိုယ်စား ကတဲ့ကျေးရွာ အုပ်စု စည်းရုံးရေးမှူး ဦးချစ်ဟိန်းက        မြို့နယ်ပါတီကော်မတီဝင် အသစ်အမည်စာရင်းတင်သွင်း ခြင်း၊ လွှတ်တော် ကိုယ်စားလှယ် များအစုအဖွဲ့ကိုယ်စား ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်မြင့်သန်းကမြို့နယ် ပါတီကော်မတီဝင်အသစ်များ တင်သွင်းကြေညာခဲ့ကြသည်။ အစုအဖွဲ့သုံးဖွဲ့မှ အမည်စာရင်းတင် သွင်းသော မြို့နယ်ပါတီကော်မတီ ဝင်အသစ်အမည်စာရင်းများကို မြို့နယ်ပြန်လည်ပြင်ဆင် ရွေးချယ် ရေးကော်တီမှ ဖွဲ့စည်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ် နည်းများနှင့်အညီ လစ်လပ်လျက် ရှိသော မြို့နယ်ကော်မတီဝင် ခြောက်ဦး၊ အရန်ကော်မတီဝင် ခြောက်ဦးတို့အား အမည်စာရင်း အတည်  ပြုခြင်း၊ ကြေညာခြင်းများ ကို ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက်သဘာပတိကနိဂုံး ချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ကြွေးကြော် သံများဖြင့် အောင်မြင်စွာရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

သီဟထွန်း(နဝရတ်မြေ)