ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီYouthDayလှုပ်ရှားမှုအဖြစ်လူငယ်များ စုပေါင်းသွေးလှူဒါန်း

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ Youth Day လှုပ်ရှားမှုအဖြစ် လူငယ်များစုပေါင်း သွေးလှူဒါန်းခြင်းအခမ်းအနားကို ယခုလ ၂၄ ရက် နံနက် ၈နာရီက ကျောက်ဆည်ခုတင် ၂ဝဝ အထွေ ထွေရောဂါကုဆေးရုံကြီး၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်များစုပေါင်း သွေးလှူဒါန်းခြင်းအခမ်းအနားသို့ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးအောင်မြင့်သန်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်း၊ အတွင်းရေးမှူး            ဦးဆွေဦးနှင့် ကော်မတီဝင်များ၊ ရပ်/ ကျေးစည်းမှူးများ၊ ကျောက်ဆည် ဇီဝိတဒါနသွေးလှူရှင်အဖွဲ့ ဦး ကျော်မြင့်နှင့် အဖွဲ့ဝင်များ၊ ဘောဂဗေဒဆရာဝန် ဒေါက်တာအောင်အောင်ဦး၊ သွေးအုပ်စုခွဲ ဒေါ်မေ မြတ်နွယ်၊ သွေးစာရင်းသွင်း ဒေါ်သင်းသင်းအေး၊ ကွန်ပျူတာစာရင်းသွင်း ဒေါ်ခင်စုလှိုင်နှင့် ပါတီဝင် သွေးအလှူရှင် အမျိုးသားအမျိုး သမီး အင်အား ၈၅ ဦးတက် ရောက် ကြသည်။

ထိုသို့ အမျိုးသားအမျိုးသမီး လူငယ်များ သွေးလှူဒါန်းရာတွင် အေသွေး ၁၅အိတ်၊ ဘီသွေး ၂၄ အိတ်၊ အိုသွေး ၂၄အိတ်၊ အေဘီ သွေးခြောက်အိတ်၊ စုစုပေါင်းသွေး အိတ် ၆၉ အိတ် လှူဒါန်း      ခဲ့ကြပြီး သွေးအလှူရှင်အမျိုးသား အမျိုး သမီးလေးများအား ကျောက်ဆည် မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးမှ နံနက် စာ အာဟာရထမင်းဖြင့်လည်း ကောင်း၊ ဇီဝိတဒါနသွေးအလှူရှင် အဖွဲ့မှ အာဟာရကြက်ဥ၊ ငှက်ပျော သီး၊ အချိုရည်၊ ကိတ်မုန့်ဖြင့် လည်းကောင်း၊ မြို့နယ် ပြည်ခိုင် ဖြိုးမှ ကြက်ဥဖြင့်လည်းကောင်း၊ အထွေထွေရောဂါကုဆေးရုံကြီးမှ ကြက်ဥပြုတ်၊ လမုန့် များဖြင့်           လည်းကောင်း အသီးသီးအာဟာရကုသိုလ် များပြုလုပ်ခဲ့ကြောင်း သိရသည်။

သီဟထွန်း(နဝရတ်မြေ)